part 13 zawgyi

Mulai dari awal
                                    

"ဟွန်.. ဦးအနီနော်.."

"အဲ့လိုရှိတယ်..ကိုယ်ပြောတာယုံ baby...
ကိုယ်တို့ဘာသာစကားမှာ ဝေါဟာရတွေ
ကြွယ်ဝတယ်...စကားပုံတွေ
ဆိုရိုးတွေ အများကြီးရှိတယ်...

ဒယ်မွန်ကကိုယ့်ဆီကပိုက်ဆံတွေအများ
ကြီး ယူပြီးမင်းကိုဒါတွေကြတော့မသင်ပေးခဲ့ဘူးကိုး...
ဒါဆိုနောက်မှ ကိုယ် သင်ပေးမယ်...."

"နည်းပြ ကတစ်ခုတော့ပြောသွားတယ်.."
"ဘာတဲ့လဲ.. "
"ဦးအနီက အဲ့တာမျိုးတွေဆို တစ်ခုမှမှန်
အောင်မပြောနိင်ဘူးတဲ့.."
"ဘာ..."
တောက်))))....
>>>>>>>>>>>
ဂျေဆန်တို့အိမ်ကိုသွားရမယ့်နေ့ညခင်း...
အားလုံးကပြင်ဆင်ပြီးနေပေမယ့်အခုထိ သခင်လေးကထွက်မလာသေးတော့..

ဒေါက်..ဒေါက်...
"ဘယ်သူလဲ ဟင်.."
ခခ အိပ်ခန်းတံခါးလာဖွင့်ကာ..

"သြော်.. အကိုဒိုင်းရိပ် ဘာကိစ္စရှိလို့လဲ.."

ထွက်လာတဲ့ခခ ပုံစံကတဘတ်စောင်လေးပဲပတ်ထားတာကြောင့် ဒိုင်းရိပ်မျက်နှာပြန်လွှဲရင်း...
"သ သခင်လေးနဲ့ပြောစရာရှိလို့..ခဏ.."

"ဦးအနီကအိပ်နေတယ်.. သူအနားယူချင်
လို့ဘယ်သူမှမနှောက်ယှက်နဲ့လို့လဲ မှာ
ထားတယ်.."

မဖြစ်နိုင်တာ..သခင်လေးကဒီနေ့အစဉ်
ကိုမေ့နေတာလား..ဒါမှမဟုတ်တခြား
အစီအစဉ်ရှိနေတာလား..

"ရှင်မယုံရင် ၀င်ပြီးကြည့်လေ..."

ခခ ခပ်ဟဟဖွင့်ပေးထားတဲ့တံခါးကနေ
သခင်လေးကကိုယ်အပေါ်ပိုင်းဗလာနဲ့
ခါးအောက်ပိုင်းပဲစောင်ခြုံထားပြီးအိပ်ပျော်
နေတာကိုလှမ်းမြင်ရသည်။
ဘယ်လိုမှသူဝင်သွားနှိုးမေးဖို့မသင့်တော်
ပါ...

"တောင်းပန်ပါတယ်.. မိန်းခလေး
ကျွန်တော်ရိုင်းသလိုဖြစ်သွားရင်ဆောရီး.."
"ရပါတယ်.."

ဒိုင်းရိပ်ပြန်လှည့်ထွက်သွားမှ အခန်းတံခါး
ကိုလော့ချပြန်ပိတ်လိုက်သည်။
ဒီနေ့ သူမ ပြသနာအကြီးကြီးရှာလိုက်ပြီလေ..

မနေ့ကတကယ်တော့ bloodတို့
အစီအစဉ်တွေကိုခခအကုန်ကြားခဲ့သည်။

ဦးအနီကိုလူမသတ်စေချင်သလို..သူ
ကိုယ်တိုင်ကိုလည်းမထိခိုက်စေချင်ပါ..

When a man falls in love...(Complete)Tempat cerita menjadi hidup. Temukan sekarang