"ဒါနဲ့ bloodကိုကောမမြင်ပါလား...
သူကောဘယ်တော့လက်ထပ်မှာလဲ..
အဖေကသူ့ရှေ့ ဒီလောက်စွံတာ..သူက
ခုထိတစ်ယောက်တလေတောင်မရှိဘူးလား.."
"ဟုတ်ပါ့.. ဒီနေရာမှာတော့bloodကခင်ဗျားခြေရာမနင်းနိုင်ဘူး...""ဦးဝေ ..ကျုပ်မှာသမီးရှိတယ်နော်..
ကျုပ်တို့ခမည်းခမက်တော်ကြရင်မကောင်း
ဘူးလား.."#ဘာတွေလာပြောနေတာလဲ..ဦးအနီမှာ
ကျွန်မရှိပြီးသား.. ရှင့်မှာသမီးရှိရင်..
သူ့အဖေကြီးနဲ့သာပေးစားလိုက်..ဟွန့်."ကဲပါ..ကျုပ်ဒီနေ့ခေါ်တာ..ခင်ဗျားတို့ကို
ဧည့်ခံဖို့ပဲ.. Bloodဂိုဏ်းကဒီနေ့လိုရပ်တည်နိုင်တာ.. ခင်ဗျားတို့အကူအညီအ
များကြီးပါခဲ့တယ်..
ဒါကြောင့် ကျုပ်ကသိတတ်မှုကိုပြတာ..
သုံးဆောင်ပါ.."
"ဟေ့ မိန်းခလေး.. ဒီနားလာ.."ခခ ကိုသူတို့အတွက်ဝိုင်ဌဲ့ထည့်ခိုင်း
သည်။
"လာ.. ဒီအနားကိုတိုး.."
ဟင့်အင်း.. ခခ ခန္တာကိုယ်ကိုမထိပါနဲ့..အဆီပြန်မျက်နှာနဲ့ တဏှာခိုးတွေဝေ့နေတဲ့.. အဲ့လူကြီးတွေရဲ့အကြည့်တွေကို
ခခမုန်းတယ်..
ခခ ဆက်မနေနိုင်ဘူး..တစ်ခုခုလုပ်ရမယ်...
"ဟင်း ဟင်းရည် နည်းနေပြီပဲ.. ခခထည့်ပေးမယ်နော်.."
အဖြေတောင်မစောင့်...ဟင်းရည်ပန်းကန်
ပြေးယူပြီး..
ပြန်အလာမှာ..တမင်ခြေထောက်ကိုခေါက်ပစ်လိုက်သည်။
ခွမ်း..
ခခ မှောက်ရက်လဲပြီးဟင်းရည်ပန်းကန်ကြကွဲကာ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပူပူတွေခခ ကိုယ်ပေါ်ဖိတ်စင်ကုန်သည်။
ပူပါစေ..ပူပါစေ.. တဏှာရူးခံရတာထက်တော့
တော်ပါသေးတယ်..."ဟာ..ဘေဘီ ရရဲ့လား.. အပူလောင်ကုန်ပြီ..."
"တောင်းပန်ပါတယ်ရှင်.. ပေကျံကုန်ပြီမို့
အ၀တ်သွားလဲပါရစေ..."
"သွား..သွား..အပူလောင်တဲ့နေရာတွေ
ဆေးလူးအုံး မင်းရဲ့အလှတရားကိုပျက်ဆီး
ကုန်မယ်.."သခင်ကြီးက ဘာမှမပြောပဲ.သူမကိုစူးစူး
ကြီးစိုက်ကြည့်နေသည်။
သူမလှစ်ခနဲ ပြေးထွက်လာခဲ့သည်။အထွက်မှာသူမရှေ့ကပိတ်ကာထားတဲ့
အိမ်တော်ထိန်းကြောင့်.. ဦးအနီအိမ်ကို
ပြန်၍မရ..
သခင်ကြီးက သူမနောက်ကလိုက်ထွက်လာပြီး..
ဖြန်း..
ခခ ပါးတစ်ခုလုံးလည်ထွက်သွားသည်။
YOU ARE READING
When a man falls in love...(Complete)
part 10 zawgyi
Start from the beginning