TV က လာနေသည့် ကျောင်းကြော်ငြာ တစ်ခုကို ဖေဖေနဲ့မေမေက စိတ်ဝင်စားစွာကြည့်နေသည်။

နောက်လဆို လွင် နိုင်ငံခြားမှာ ကျောင်းသွားတက်ရတော့မည်။မသွားခင်လေးမှာ ဦးနဲ့ တစ်ကြိမ်လောက်ဖြစ်ဖြစ်စကားပြောသွားချင်သည်။

.

လမ်း၏ဝဲ၊ယာတွင် အလှစိုက်ထားတဲ့ စက္ကူရုံတွေ ပြည့်နှက်လို့ အရောင်စုံဖူးပွင့်လျက်။ အဖြူ၊အနီ၊ပန်း၊လိမ္မော် စသည် စသည် အရောင်အသွေးစုံလင်စွာ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်၍။ ဝီရိယက သူတို့အားနည်းသလား၊ကိုယ်အားနည်းသလား။

" မင်္ဂလာပါ ဆရာ "

ကျောင်း၏လုံခြုံရေးက လက်အုပ်ချီကာ နှုတ်ဆက်တော့ သူက လက်အုပ်ချီကာ ပြန်နှုတ်ဆက်သည်။လက်အုပ်ချီ၍ နှုတ်ဆက်ခြင်းသည် သူရဲ့မူအကျင့်ထဲက တစ်ခုဖြစ်သည်။ထိုအမူအကျင့်ကို ကျောင်းရှိ ဝန်ထမ်းအားလုံးကပါ လိုက်ပါလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

" မင်္ဂလာပါဗျာ "

တည်ငြိမ်လေးနက်သည့်အသံဟာ မနက်ခင်းကို​ ပြီး​ပြည့်စုံသည့်မင်္ဂလာနှင့်စတင်စေသည်။

မနက် ၆ နာရီသာရှိသေးသော်လည်း ကျောင်းရဲ့ပဲ့ကိုင်ရှင်ဖြစ်သည့်သူက ကျောင်းကိုရောက်ရှိလာပြီဖြစ်သည်။

" နေ.. နေ.. ကိုဝေ ကျွန်တော့်ဘာသာ သိမ်းလိုက်ပါမယ် "

သူစီးလာတဲ့ စက်ဘီးကို ကို​ဝေက စက်ဘီးထားတဲ့နေရာပို့မယ်လုပ်တော့ အသံငြိမ်ငြိမ်နှင့်လှမ်းတားသည်။ထိုအသံသည် အလိုအလျောက်နာခံဖွယ်ရာအတိ။

ကျောင်းရှိဝန်ထမ်းအားလုံးကို တန်းတူညီတူဆက်ဆံသည်။ အကုန်လုံးဟာ သူ့ကဏ္ဍနဲ့သူ အရေးပါတဲ့လူတွေဖြစ်ကြောင်း မကြာခဏပြောလေ့ရှိသည်။

ဒီလိုပဲ တစ်ခါတစ်ရံမှာ စက်ဘီးစီး၍ကျောင်းလာတတ်သည်။ ဘာလို့စက်ဘီးနဲ့လာတာလဲ မေးမိတော့ ကျန်းမာရေးအတွက် တသီးတသန့်အချိန်မပေးနိုင်တော့ ဒီအချိန်ကို ကျန်းမာရေးအတွက် အသုံးချရတာပေါ့ဟု ပြောဖူးသည်။ သူ့ကားကိုတော့ ကျောင်းရဲ့ကားပါကင်မှာသာ ထားထားသည်။ အရေးကြီးသွားစရာရှိမှသာထုတ်သုံးတတ်သည်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now