ကိုင်းရဲ့လုပ်ရပ်ကြောင့် ဦးကကိုင်းကိုငဲ့ကြည့်ကာ စိတ်တိုသွားသလိုဖြင့် ထိုမိန်းမကြီးဘက်ပြန်လှည့်သွားပြီး…

"အေးအေးဆေးဆေး စကားပြောလို့ရတယ် အန်တီ ကျွန်တော့်ကလေးကို မခြောက်ပါနဲ့"

"ဟုတ်ပါတယ် ကျွန်မတို့ အေးအေးဆေးဆေးပြောရအောင်ပါ"

"ဘယ်လိုအေးဆေးနိုင်မှာလဲ မဆွေ ရှင့်သားက သူ့ကောင်မလေးကိုခေါ်လာပြီး ကျွန်မတို့ကိုစော်ကားမော်ကားပြောနေတာရော မဆွေမမြင်ဘူးလား"

"မြင်ရကြားရသလောက်တော့ အန်တီကပဲစော်ကားနေတာပဲ ကျွန်တော့်ကိုမကျေနပ်ရင် ကျွန်တော့်ကိုပဲပြော"

"အေး အဲ့လိုဆိုမင်းကိုပြောမယ် ဘယ်ကအနုတ်စုတ်ဂုတ်စုတ်ကို ဆွဲခေါ်လာမှန်းမသိပေမယ့် မင်းရဲ့အခုလုပ်ရပ်ကြောင့် ငါ့သမီးဘယ်လောက်ထိ သိက္ခာကျသွားမလဲ စဥ်းစားမိလား"

"စေ့စပ်တာက လက်ထပ်တာမဟုတ်ဘူး အန်တီ အိမ်ထောင်တစ်ခုကိုမစခင် နှစ်ဖက်လုံးမှာနောက်ဆုတ်ခွင့်ရှိတယ် ဒီအိမ်ထောင်မှာမပျော်ရရင် ကာယကံရှင်တွေပဲ ခံစားရမှာ"

"အဲ့ဒါကို စေ့စပ်ပွဲမတိုင်ခင်ကတည်းက မင်းစဥ်းစားခဲ့သင့်တာ အခုလူသိရှင်ကြားကြေညာပြီးမှ မင်း ဒီမိန်းကလေးကို လက်ထပ်မယ်ဆိုတော့ ငါ့သမီးဘာဖြစ်သွားမလဲ"

"အန်တီက ဘာဖြစ်စေချင်တာလဲ ခက်ကိုလက်ထပ်စေချင်တာလား ဒီလိုဆိုဘာဖြစ်လာမလဲ သူ့ကိုမချစ်တဲ့ယောကျာ်းနဲ့ လက်ထပ်ပြီး အေးတိအေးစက်အိမ်ထောင်ရေးမှာပဲ နေသွားစေချင်တာလား"

"ဘာ!!"

"ပြောရတာတော့ အားနာပါတယ် ကျွန်တော် ခက်ကိုလုံးဝစိတ်မဝင်စားဘူး အိမ်ထောင်ကျသွားရင် စိတ်ပြောင်းသွားမှာလို့ ပြောချင်ပြောကြမယ် ဒါပေမယ့် ကျွန်တော်က ကိုင်းကလွဲရင်ဘယ်သူ့ကိုမှ မိန်းမလို့မမြင်ဘူး ကိုင်းကလွဲရင် ဘယ်မိန်းမကိုမှလည်း နွေးထွေးမိမှာမဟုတ်ဘူး
ကျွန်တော်မှားခဲ့တာသိပါတယ် ဒါပေမယ့် ဒီအမှားကို မျက်စိစုံမှိတ်ပြီးရှေ့ဆက်ဖို့ ခွန်အားမရှိတော့ဘူး ကျွန်တော့်ဘဝကို ကျွန်တော့်စိတ်တိုင်းကျစီမံခွင့်ရှိတယ်"

သူမ မှ တစ်ပါးजहाँ कहानियाँ रहती हैं। अभी खोजें