အပိုင်း(44)
သည်းမျက်ဝန်းလေးပြူးကာ
ကြည့်နေချိန် သည်းခါးလေးအား
သူ့လက်တံအရှည်ကြီးနှင့်ရစ်ပတ်၍
ခပ်တင်းတင်းဖက်ထား၍ သည်းကိုယ်လေးအားပင့်လ်ိုက်ချိန် သူ့ရင်ခွင်ထဲ အလိုလို
ရောက်သွား၍ ကော့ကော့လေးဖြစ်နေရှာသော်သည်း မျက်နှာလေးမှာ နီမို့မို့ပင်။"အို...လူကြီး သည်း...''
"ရူး...."
ထိုအချိန် လက်ညိုးရှည်ရှည်သွယ်သွယ်
များက ပြောရန်တလှုပ်လှုပ်ဖြင့်ပြင်နေသော
သည်းနှုတ်ခမ်းဖူးဖူးလေးဆီ ထိကပ်လ်ိုက်စဥ်
စကားရပ်သွားးေသာ သည်း လူကြီးရဲ့
ချောမောသော မျက်နှာကိုသာ ရက်တစ်ဖိုဖို
ဖြင့်သာကြည့်နေ၍ လည်ချောင်းပင် ချောက်
ကပ်လာတော့သည်။စည်း သူမရဲ့ ပြင်ဆင်ခြယ်သထားမှု
မရှိသော နီမြန်မြန်းမျက်နှာလေးအား
စူးစိုက်ကာကြည့်၍..."ချော့လေ ကိုကိုကျေနပ်အောင်
သဲလေး ချော့မယ်မဟုတ်လား...''လူကြီးရဲ့ သည်းအပေါ်အရင်လို ပြန်ပြောလာသောစကားများကြောင့် သည်းဝမ်းသာသွား၍ ရလာသော အခွင့်အရေးအား
သည်းအသုံးချရမည်။သည်းလက်သွယ်သွယ်လေးများက
လူကြီးရဲ့လည်ပင်းအားခိုကာဖက်လိုက်၍
ခါးကိုင်းထားသော လူကြီးရဲ့ ပါးပြင်အထက်
ခြေဖျားလေးထောက်ကာ နမ်းရှိုက်လိုက်သည်။စည်း သူမလေးရဲ့ မထင်မှတ်ထားသော အပြုအမူကြောင့် မျက်နှာကြီးမှာ
ပြုံးလာ၍..."ဒါပဲလား..."
ခပ်ထေထေပြုံး၍ မေးလာသော
လူကြီးကြောင့် သည်း မျက်နှာလေး
ရဲတက်သွားကာ.."အို...လူကြီးနော်...အခန်းထဲ
အခြားသူဝင် လာအုံးမယ်...''ရှက်၍ ရဲတက်လာသော မျက်နှာရဲရဲလေး
နှင့်အတူ သူ့အား မျက်စောင်းလေးထိုး၍
နှုတ်ခမ်းလေးဆူကာပြောလာသော
သူမလေးကြောင့် စည်း အသည်းယားစွာ
ပြုံးလိုက်မိသည်။"စိတ်ချ ကိုကိုခွင့်ပြုချက်မရှိဘဲ
ဘယ်သူမှ ဝင်မလာဘူး.. ""အို..."
ပြောလာသံနှင့်အတူ သည်းကိုယ်လေးအား
စားပွဲပေါ် ကလေးတစ်ယောက်လို မချီတင်လိုက်သော လူကြီးကြောင့် သည်း
မျက်ဝန်းပြူးပြူးလေးဖြင့် ပါသွားကာ..
သူ့လည့်ပင်းအား ဖကအထားလျှက်။