အပိုင်း(41)

8.4K 285 3
                                    

အပိုင်း(41)

ရက်အနည်းငယ်တွင်...ရန်ကုန်မြို့ရဲ့
အကြီးဆုံး hotel ကြီးအတွင်း
မြန်မာဝတ်စုံနှင့်တိုက်ပုံကို ဒီဇိုင်း.အမျိုးမျ်ိုး
နှင့်ခန်းနားစွာဝတ်ဆင်ပြီး မင်္ဂလာပွဲကြီးသို့
တက်ရောက်လာသော သူများ စည်ကားလျှက် hotelကြီးရဲ့ ပွဲလျှောက်လမ်းတစ်လျှောက်
မင်္ဂလာသတိုးသားနှင့် သတိုးသမီးတို့ရဲ
ပုံစံအမျိုးမျိုးဖြင့် ရိုက်ထားသော မင်္ဂလာ
ဓာတ်ပုံကြီးများမှာ ထည်ဝါစွာလှပနေပြီး
​ ရွှေရောင်နှင့်အဖြူရောင် သုံး၍ ပြင်ဆင်ထားသော ခန်းမကြီးကလဲ ထည်ဝါနေတော့သညိ။

"လှလိုက်တာ..."

"အေးလေ...ငါ့ကို ဒီမှာဓာတ်ပုံရိုက်ပေး...'''

အချို့အမျ်ိုးသမီးများမှာ မင်္ဂလာမောင်
နှံ၍ မင်္ဂလာဓာတ်ပုံကြီးအနား
ဓာတ်ပုံလှည့်ရိုက်နေကြပြီး အချို့မှာလဲ
အဖြူရောင်ထိုင်ခုံကြီးတွေမှာထိုင်၍
မင်္ဂလာသတိုးသားနှင့် သတိုးသမီးအား
စိတ်ဝင်စားဖွယ် မျှော်လင့်နေကြသသည်။

မောင်အမိန့်စည်း+မသည်းခြေရာ

               တို့၏

      မင်္ဂလာဧည့်ခံပွဲ...

ရွှေရောင်ဆိုင်းဘုတ်ကြီးအား
ကြည့်၍ အားလုံးမှာ ခန်းနားစွာ
ပြင်ဆင်ထားသော ပွဲကြီးအားကြည့်၍
အားကျသဖွယ်။

"ဟဲ့ အဲ့ဒါ ဒေါက်တာနဲ့အတူ
ဆုံးပြီးလို့ထင်တဲ့ ကောင်မလေးလေ
သူလဲဆေးကျောင်းသူပဲ..."

"အေးနော် ဖူးစားဆိုတာ ဆန်းကြယ်တယ်အေ..."

"ဟုတ်ပ သူတို့အတွဲက ရင်ခုန်စရာလေး
တော့..ဓာတ်ပုံထဲမှာတော့ အရမ်းလှတာပဲ...
ကောင်မလေးက ငယ်ငယ်လေးနဲ့ချစ်စရာလေး ဒေါက်တာကတော့ ပြောစရာကို
မလိုဘူး....''

"အေးနော်...အသိုင်းအဝိုင်းကလဲတောင့်
ပိုက်ဆံရှ်ိတဲ့သူတွေဆိုတော့လဲ ဘာလုပ်လုပ်
ပြည့်စုံနေတာပဲ..."

"အေး ဟုတ်တယ် တက်တဲ့သူတွေကိုကြည့်
တကယ့်လူတွေကြီးပဲ...ဒါတောင် ဖိတ်စာရမှ
တက်ခွင့်ရတာ..."

"ကြည့်ပါအုံး သတိုးသားမိခင် မျက်နှာကို.ပြုံးနေတာပဲ.. ချွေးမကို ဘယ်လောက်တောင်
ဆင်ထာားမလဲ မသိဘူး သူဝတ်ထားတာလဲ
ကြည့် အဲ့ဒါ နာမည်ကြီးနေတဲ့ စိန်တစ်ဆင်စာ..."

My Wife (Unicode To Zawgyi) Completed Where stories live. Discover now