အပိုင်း(43)
အိပ်ယာကြီးပေါ်တွင် ခေါင်းလေးငုံ့နေကာ
မျက်နှာလေး ငယ်နေရှာသော သည်းခြေရာ။ဘေးက ဆိုဖာကြီးပေါ်ထိုင်၍ မျက်နှာကြီး
တင်းကာ စူးစိုက်ကြည့်နေသော သူ့ကိုလဲ
မကြည့်ရဲပေ။."မင်း ငါနဲ့နေရတာ အဲ့ဒီလောက်ကြောက်နေတာလား သည်းခြေရာ..."
သူ့ရဲ့အေးစက်စက်စကားသံနှင့်အတူ
သည်းအား နာမည်အပြည့်အစုံခေါ်လာသောကြောင့် သူစိတ်ဆိုးနေပြီ ဆိုတာ သည်းသိလိုက်သည်။"ဟို..မ...မဟုတ်ပါဘူး သည်းက
မေမေ တစ်ယောက်ထဲ...""အမေက အဖေခရီးသွားတာနဲ့
တစ်ယောက်ထဲ အိပ်နေကြ သည်းခြေရာ
မင်းငါ့ကို လာမလှည့်နဲ့.. ""အို...သည်းက..သည်းက..."
"တော်တော့ သည်းခြေရာ မင်္ဂလာဦးညမှာ
မင်းက အခန်းထဲမအိပ်ပဲ မေမေနဲ့သွားအိပ်တာ ငါ့ကို တမင်ချိုးလိုက်တာလာ..
ငါ့ကိုကြည့်စမ်း သည်းခြေရာ မင်းက
ချစ်ပြတာနဲ့ မတန်တဲ့ မိန်းမ စိတ်ချ အဲ့ဒီမှာ
မင်းတစ်ယောက်ထဲအိပ် မင်းကို ဒီနေ့ကစပြီး
မထိဘူး...စိတ်ချလက်ချနေ.. "ပြောပြီး ထထွက်သွားသော လူကြီး
ကြောင့် သည်း ပါးပြင်လေးအထက်
မျက်ရည်များစီးကျလာကာ.."အဟင့်...ဟင့်...သည်း အဲ့ဒီလို
မဟုတ်ပါဘူး လူကြီးရယ်...အဟင့်...
ဟင့်...ဟီး...အဟင့်..."ပြောပြီး ဝမ်းနည်းစွာငိုရှိုက်နေသော
သည်း သူပြန်ဝင်မလာမလားအထင်နှင့်
စောင့်နေသော်လဲ လူကြီးကတော့
အရိပ်အယောင်ပင် လာမပြတော့။သည်း ပါးပြင်လေးအထက်မှ
မျက်ရည်လေးများသုတ်လ်ိုက်ကာ
ထရပ်လိုက်၍ အခန်းအပြင်သို့ ထွက်လာကာ
လူကြီး ရှိလောက်မည့် စာကြည့်ခန်းဆီ
ရှိုက်ကာ ထွက်လာလိုက်သညိ။ဒေါက်...ဒေါက်ာ..
"လူကြီး. အဟင့်...သည်းမှာပါတယ်နော်
သည်းကို...သည်းကို စိတ်မဆိုးနဲ့နော်
လူကြီး.. အဟင့်...သည်းနောက်တစ်ခါ
အခန်းထဲကလွဲ၍ ဘယ်မှာမှ မအိပ်တော့ဘူးနော် လူကြီး... အဟင့်...ဟင့်...''အခန်းတံခါးအား ခေါက်၍ သည်းငိုရှိုက်ကာ
ပြောနေပင်မဲ့လဲ အခန်းထဲက လူကြီးကတော့
တိတ်စိတ်စွာ ရှိနေတော့သည်။