Character Introduction and Storyline

34.4K 949 41
                                    

ဝဏ္ဏသိဒ္ဓိ

အမေတစ်ခု သားတစ်ခု ဘဝနဲ့ ရှင်သန်ရုန်းကန်ရတဲ့ ဝဏ္ဏသိဒ္ဓိ...

ရက်ကွက်တစ်ခုက ထမင်းဆိုင်မှာ အလုပ်လုပ်ရင်းနဲ့ အမေကိုရှာဖွေကျွေးမွေးတဲ့ ကောင်လေး ဝဏ္ဏသိဒ္ဓိ...

ကောင်လေးတစ်ယောက်ကို မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ ဆုံတွေ့ခဲ့ပြီး မမျှော်လင့်စွာနဲ့ပဲ မြင်မြင်ချင်း စွဲလန်းသွားတဲ့ ဝ‌ဏ္ဏသိဒ္ဓိ...

ချစ်ရသူ ကောင်လေးရဲ့ ဘဝကို ထီးသဖွယ် အုပ်မိုးပြီး တံတိုင်းကြီး တစ်ခုသဖွယ် ကာကွယ်ပေးချင်တဲ့ ဝဏ္ဏသိဒ္ဓိ...

ချစ်ရသူရဲ့ မျက်နှာတစ်ခုတည်းကြောင့် အဆင့်အတန်းတွေ၊ ခွဲခြားနှိမ်ချ ဆက်ဆံမှုတွေ၊ လူတန်းစား ကွာခြားမှုတွေရဲ့ ဒဏ်ကို ခါးစည်းခံရမယ့် ဝဏ္ဏသိဒ္ဓိ...

💙

မင်းသတ္တိ

နာမည်နဲ့ကွဲပြားဆန့်ကျင်စွာပဲ မိဘရော ပတ်ဝန်းကျင်ကိုပါ ကြောက်ရတဲ့ သတ္တိနည်းတဲ့ မင်းသတ္တိ

LGBT ကိုလက်မခံနိုင်တဲ့ မိသားစုကမွေးဖွားလာတဲ့ မင်းသတ္တိ....

မိမိရဲ့ဖြစ်တည်မှုနဲ့ မိဘတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ နွမ်းလျပင်ပန်းစွာ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ မင်းသတ္တိ...

ကျောင်းတွင်းအကြမ်းဖတ်မှုတွေနဲ့ သရော်လှောင်ပြောင်မှုတွေကြားက အနိုင်ကျင့်စော်ကားခံရတဲ့ မင်းသတ္တိ...

စိတ်သဘောထားနူးညံ့ပျော့ပြောင်းပြီး အရွယ်နဲ့မလိုက်တဲ့ စိတ်ဒဏ်ရာတွေတပွေ့တပိုက်နဲ့ ဘဝကို ရင်ဆိုင်ဖြတ်ကျော်ရတဲ့ မင်းသတ္တိ...

ခက်ဆစ် ဒီဇာတ်လမ်းလေးကို မင်းသတ္တိ ကာရိုက်တာကို Highlight လုပ်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းလေးက အချစ်ဇာတ်လမ်းဆိုတာထက် ပညာပေးဇာတ်လမ်းတစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ LGBT ကို လက်မခံနိုင်တဲ့ မိဘနဲ့သားသမီးကြားက Relation ကို ဒီဇာတ်လမ်းလေးထဲမှာ သေချာလေးရေးထားပါတယ်။

ခက်ဆစ်တို့ ကျောင်းသား Life မှာ LGBT ဖြစ်တည်မှုနဲ့ကောင်လေးတွေရဲ့ ကျောင်းတွင်းအနိုင်ကျင့် အကြမ်းဖတ်မှုတွေက ဒီနေ့ထိ ရှိနေဆဲပါပဲ။ ဒီအကြောင်းအရာလေးတွေကိုလည်း ခက်ဆစ်က ဇာတ်လမ်းထဲမှာ ရေးဖွဲ့ထားပါတယ်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now