"ငါ့ညီမလေ.... အိမ်မှာ တစ်ယောက်ထဲပျင်းနေမှာဆိုးလို့ ခေါ်လာတာ"

နေမီးပုံမှာ ညီမအရင်းတစ်ယောက်ရှိတာကို သိပေမယ့် ခင်မင်လာသည့်သက်တမ်းတစ်လျှောက် သူတို့ တစ်ခါမှမမြင်ဖူးသဖြင့် 'မင်းယမင်း'သည် နှုတ်ခမ်းတစ်ဖက်ကွေးလာသည့်ထိ လုပ်၍ပြုံးလာမိသည်။

နေမီးအသဲတုံးလို့ဆိုဆိုနေတာ နောက်ဆုံးတော့ ဒီကောင်မလေးကိုး....

"Coupleပါလား"

နေမီးပုံက မင်းယမင်းနှုင့် မေထွဋ်တို့နှစ်ယောက်၏ အရောင်ဆင်တူအင်္ကျီတို့ကိုဝတ်ထားသည်ကို သတိထားမိကာ မေထွဋ်ဘက်သို့ ခေါင်းညိတ်ပြကာ သူမကိုနှုတ်ဆက်စကားဆို‌လေလျှင်..

"ဟင်းးး.. မေထွဋ်တို့စိတ်ချင်းဆက်လို့ဖြစ်မယ် တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်ဘဲနဲ့ ကိုကိုနဲ့ဆင်တူဖြစ်သွားတယ်နော်"

မေထွဋ်ကနေမီးပုံကိုဆိုနေသလိုနှင့် မင်းယမင်းခါးကိုပါ လိုတာထက်ပိုဖက်ပြကာ ပြောလေသည်။

အဖြူ‌ပေါ်တွင် အပြာနုရောင်‌ဒေါင်းလိုက်အစင်းကြောင်းပါ‌‌သော ရှပ်လက်ရှည်ကိုခါးကြားထဲ ထည့်ကာ ဟိုကျဒီကျဒီဇိုင်းနှင့် ကြယ်သီးနှစ်လုံးထိဖြုတ်ထားပြီး တံတောင်းဆစ်အထိခေါက်ထား၏။ အနက်ရောင်ဒူးပြဲဂျင်းဘောင်းဘီနှင့်မင်းယမင်းဟာ ပေါ့ပေါ့ပါးပါး‌လေး ဝတ်ထားတာတောင် သူ့ရဲမြင့်မား‌သောအရပ်နှင့် လိုက်ဖက်လွန်းလှသည်။

သူ့၏ကြည်လင်တောက်ပနေသော မျက်ဝန်းညိုညိုဆီ ထိလုမတတ်ဝဲကျနေသော ဆံနွယ်တို့ကို အနောက်ဘက်သို့လှန်သိမ်းကာ သူ့ရဲ့favourite ဖြစ်တဲ့ လျှာထိုးဦးထုပ်အနက်‌ရောင်ကတော့ မပါမဖြစ်ဆောင်းလိုက်ပုံဟာ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲဆို မေထွဋ်အနီးကပ်ကြည့်စရာတောင်မလို။ ထိုလူဟာ ပုရိသမိန်းကလေးတို့ အသဲကို စိုးမိုးနိုင်သူ မင်းယမင်းပင် ဖြစ်သည်။

မင်းယမင်းလို့ဆိုလျှင် နေမီးပုံရဲ့ခန့်ညားမှုကမပါမဖြစ်မြင်ယောင်လာသလို နေမီးပုံလို့ဆိုလေလျှင် မင်းယမင်း၏ရူပါဟာ မိန်းမချောလိုချောနေမှုတို့က ခွဲခြားပီးမြင်လို့မရတဲ့အထိ။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now