The annoying vampire and me <3

Bắt đầu từ đầu
                                    

ရိပေါ် ပြောတာကို နားထောင်နေရင်း ရှောင်ကျန့်ခေါင်းပေါ်မှာ ? သုံးခုပေါ်လာခဲ့သည်။ ကျန်းမုတို့ သုံးကောင်ခမျာ ရိပေါ်ရဲ့စကားတွေကြောင့် လန့်သွားကြကာ ဘာမှတောင် မဆိုနိင်တော့ဘူး။ ရှောင်ကျန့်အတွက် ဒီကိစ္စတွေဟာ ဘယ်လောက်ထိနက်နဲလဲဆိုတာကိုမသိတာ မထူးဆန်းဘူး။ ဒါပေမယ့် ကျန်းမုတို့လို ဗန်းပိုင်းယားတွေအတွက်ကျ အခြေအနေက မတူတော့ဘူးရယ်။ ဒါက တကယ့်ကို အကြီးမားဆုံးပြသနာပဲဟ။

ရှောင်ကျန့် - "အဲ့တော့...? ဘယ်အကြောင်းကများ ငါ့ကို မင်းနဲ့ တမိုးအောက်ထဲ နေစေဖို့ လုံလောက်နေတာလဲ"

ရှောင်ကျန့် အမေးကို ရိပေါ်ချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး။ အဖြေမရှိလို့မဟုတ်ဘူး။ အဖြေရှိနေရက်နဲ့ သူ့မှာပြန်ဖြေဖို့ ဝန်မရဲတာ။ ကတ်သ်က ရှောင်ကျန့်ရဲ့ အသွေးတွေအသားတွေကို စားပစ်ဖို့ လာတော့မှာကို သူသိနေလို့" လို့လား? ဒါမှမဟုတ် သူပေးထားတဲ့အမှတ်က တရားဝင်မဟုတ်သေးတာမို့ ရှောင်ကျန့်က တခြားသူဆီကနေ အလွယ်တကူ ပစ်မှတ်ဖြစ်နိုင်တယ် " လို့လား။ ဒီ့ထက်ပိုသေချာတာက သူက ရှောင်ကျန့်ကို တခြားသူလက်ထဲ ထည့်ပေးရမှာကို မုန်းတယ်ဆိုတာပဲ။ 

ရိယွင် - "သိသာနေတာပဲ မဟုတ်ဘူးလား သခင်လေးက မင်းကို စိတ်ပူလို့ သူ့မျက်စိအောက်မှာပဲ ရှိစေချင်နေတာလေ သောက်ပိန်းရဲ့"

ရိယွင်ရဲ့အဖြေကို ရိပေါ်က ခေါင်းညိမ့်ပြီး ထောက်ခံလိုက်တယ်။ သူ့အဖြေထက်စာရင် ရိကော ရဲ့အဖြေက အများကြီး သင့်တော်နေတာမို့ရယ်။ ဒါပေမယ့် ရှောင်ကျန့်ကတော့ သဘောကျပုံမရဘူး။ သူက ရိပေါ်ကိုတလှည့် သူငယ်ချင်းဖြစ်သူတွေကို တလှည့်ကြည့်ပြီး တွေးနေတယ်။

ရှောင်ကျန့် - "ငါ့ဘက်က မင်းတောင်းဆိုတာကို လိုက်လျောပေးဖို့ အခြေအနေ တစ်ခုတော့ရှိတယ်"

သူ ဆက်မပြောခင် ရိပေါ်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။ သူ့မျက်နှာက အလေးအနက်ဖြစ်နေတာမို့ ရိပေါ်လည်း အလေးအနက်ထားပြီး နားစွင့်ပေးနေသည်။

‌"ငါ့သွေးကလွဲပြီး တခြားဘယ်သူ့သွေးကိုမှ မင်းမသောက်ရဘူး။ ငါ သေချင်သေပါစေ မင်းတခြားသူတွေကို လက်ဖျားနဲ့တောင်မထိရဘူး။ လက်ခံလား ရိပေါ်"

The Annoying Vampire and MeNơi câu chuyện tồn tại. Hãy khám phá bây giờ