The annoying vampire and me <3

832 70 1
                                    

unicode



"ကဲ ဒါကပြောစမ်းပါဦး ဘယ်လိုတွေဖြစ်ရတာလဲ ရှောင်ကျန့်"

ရှောင်ကျန့်၊ ကျန်းမု၊ ဟောက်ကျားနဲ့ ရိယွင်တို့လေးယောက်သား ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ကလေး။ ရှောင်ပါးပါးက သူတို့လေးယောက်ကို မကြိုဆိုတာတော့မဟုတ်ပေမယ့် သိပ်ပြီးလည်းဝမ်းသာပြမနေဘဲ သားဖြစ်သူကို ဆူဖို့ အစချီနေတယ်။ မားကတော့ သူ့ညီမဖြစ်သူနဲ့ တွေ့ရတာမို့ အပျော်တွေလွန်ပြီး ယောက်ျားနဲ့သားအဖွဲ့ကို ထားခဲ့ကာ ချစ်ညီအမနှစ်ယောက် အပေါ်ထက် တက်သွားလေသည်။

"ရှောင်ရှောင်းကျန့်။ ကျောင်းသွားမတက်ခင် ငါမင်းကို အတန်တန်မှာခဲ့တာတောင် ဗန်ပိုင်းယားတွေနဲ့မှ သူငယ်ချင်းဖြစ်လာရတယ်လို့ကွာ။ မင်း တော်တော် မိဘစကားနားထောင်တဲ့ကောင်ပဲ တောက်စ်။ ဗန်ပိုင်းယားတွေနဲ့သူငယ်ချင်းဖြစ်ရတာတောင် မကျေနပ်သေးလို့ ဘာလဲ သူတို့သခင်လေးနဲ့တောင် အမှတ်တွေပေးကြသေးတယ်ပေါ့လေ ။ ငါ့ကိုသာ ထုရိုက်သွားပါတော့လား ဟမ်. လိမ္မာလိုက်တဲ့သားရတနာလေးရဲ့၊ ငါမင်းကို အတန်တန် သတိပေးခဲ့တာတောင် သတိပေးတဲ့အတိုင်း ဖြစ်အောင်ကိုလုပ်တယ်၊ သိပ်တော်လိုက်တဲ့သားလေး၊ ဒီပါးပါးက မင်းကို ဆုအကြီးကြီး  ချဦးမှ"

ရှောင်ပါးပါးက သူငယ်ချင်းတွေရှေ့မှာလည်း ရှောင်ကျန့်ကိုဆူတာပဲ။ ဟောက်ကျားခမျာ ရှောင်ကျန့်ဘေးနားမှာ ကပ်ထိုင်နေရတာမို့ ရှောင်ပါးပါးရဲ့ အကြည့်တွေနဲ့ မကြာခဏ စုံမိနေသည်။ အဲ့အခါမျိုးဆို ရှောင်ပါးပါးက သူ့ကိုပါ ဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်ပြီး သတိထားဖို့ပြောတာမို့ သူလည်း မလှုပ်ရဲရှာဘူး။ ရိယွင်နဲ့ ကျန်းမုကတော့သူတို့ဘက်လှည့်လာမှာဆိုးလို့ အသံတောင်မထွက်ဘူး။ ရှောင်ကျန့်လည်း အကူရလိုရငြား သူငယ်ချင်းတွေဘက်ကို လှည့်ကြည့်ပေမယ့် ဟိုသုံးကောင်ကလည်း သူ့လိုပဲ ခြေကုတ်နေကြတယ်။ ဟောက်ကျားဆို မငိုရုံတမယ်ပဲ။ လူသားဖေဖေကြီးနဲ့တွေ့ရတဲ့အခါ ဟောက်ကျားတို့လည်း ကြောက်ရပါတယ်။

"ပါးကလည်း.."

"ဘာကိုပါးကလည်းလဲ။ မင်းဂျီးတော်ကို ပါးလား။"

The Annoying Vampire and MeWhere stories live. Discover now