ဒေါ်လေးက Taehyungလက်ကိုဆွဲကာ တက်ကြွသွက်လက်တဲ့အပြုံးတွေပေးရင်း
ပြောနေတော့သည်။

"ကျေးဇူးပါဒေါ်လေး ကျွန်တော်ကလည်းဒေါ်လေးကိုတွေ့ရလို့ပျော်ပါတယ်ဗျ"

ဂျပန်အစားအစာဆိုင်ထဲကိုဝင်လာကြတော့ Jungkookက သီးသန့်အခန်းကိုရအုံးမလားဆိုပြီးအရင်သွားမေးသည်။

"အခန်းကမရတော့ဘူးတဲ့ နေ့လယ်စာစားချိန်ဆိုတော့လူများနေတယ်"

"သီးသန့်အခန်းမဟုတ်လည်းအဆင်ပြေပါတယ် ငါတို့ဟိုဘက်ထောင့်ဆုံးဝိုင်းကိုသွားကြတာပေါ့ ဒေါ်လေးရောအဆင်ပြေလား"

"ပြေပါတယ် သားရဲ့"

ထောင့်ဆုံးဝိုင်းကိုလာပြီးထိုင်မှသူတို့ရဲ့ဘေးမှာ မီရာတို့သုံးယောက်ကထိုင်စားနေကြတာကိုတွေ့လိုက်ရပြန်သည်။ဒီနေ့အဖို့ကမတွေ့ချင်ပါဘူးဆိုကာမှ ရှောင်လို့ကိုမရနိုင်။

"ဒေါ်လေး...."

"ဟယ်....ဆယ်ရာလေး ဟွမ်ရောပဲ နေ့လယ်စာလာစားကြတာလား"

"ဟုတ်တယ်ဒေါ်လေး ပျင်းနေတာနဲ့ဟွမ်တို့စုံတွဲနဲ့ဈေးဝယ်ထွက်လာတာ ဒေါ်လေးမပြန်ခင် သမီးအိမ်ကိုဖိတ်အုံးမယ်နော်"

"လာမှာပေါ့ သမီးရောဟိုကိုလာရင် ဒေါ်လေးတို့အိမ်မှာတည်းနော်"

ဆယ်ရာကိုတွေ့‌တော့အရင်လိုနှုတ်ဆက်နေပေမယ့် တူတော်မောင်တွေရဲ့မျက်နှာလည်းကြည့်ရသေး။ပြသနာအစအဆုံးကို Jungkookကသူ့ကိုပြောပြထားသည်။

"ဟွမ် သားကောင်မလေးလား အချောလေးပဲ"

"ဟုတ်တယ်ဒေါ်လေး မီရာတဲ့အကိုTaehyungရဲ့သူငယ်ချင်းလေ"

"အမယ်....နင်တို့လူဆိုးတွေနော် သူငယ်ချင်းနှစ်ယောက်ကိုအရချိတ်ထားတာ"

ဒေါ်လေးအပြောကြောင့်သူတို့မှာရယ်နေရသည်။ဒေါ်လေးကသူတို့ကိုနှုတ်ဆက်နေပြီး Jungkookကတော့ ဘာစားမလဲဆိုပြီးသူ့ကိုမေးနေသည်။

"ဒေါ်လေးရောဘာစားမလဲမသိဘူး ငါကရေခဲမုန့်ရောစားအုံးမှာနော် ဒီကရေခဲမုန့်ကကောင်းတယ်"

"Ok....ရေခဲမုန့်ကနေ့လယ်စာစားပြီးမှအချိုပွဲအနေနဲ့ချပေးဖို့မှာလိုက်မယ် အရင်ဆုံးဗိုက်ပြည့်တာစားရမယ်"

APOLLO Where stories live. Discover now