ep 12

5.1K 442 123
                                    

#Unicode

ညဟာရှည်လျားနေ၏။အတွေးတွေနဲ့အိပ်မရဘဲ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ဖြစ်နေချိန်မှာ ခါးကနေပွေ့ယူပြီး ရင်ခွင်ကျယ်ထဲဆွဲသွင်းလိုက်တဲ့လက်တစ်စုံ။ပြန်ရုန်းထွက်တော့လဲအထွက်မခံပါပဲနဲ့တင်းကျပ်စွာပိုပြီးပွေ့ဖက်လာ၏။Taehyungကိုငုံ့ကြည့်လာပြီးပြောလာတဲ့လေငွေ့နွေးနွေးက
နဖူးပြင်တစ်ဝိုက်မှာ စိုးမိုးထားပြန်သည်။

"ဘာဖြစ်လို့လဲ အိပ်မရဘူးလား
ဗိုက်ဆာလို့လား"

"ဗိုက်ဆာရင်လဲ မစားဘူးကွာ.....
မင်းကိုငါစိတ်တိုနေတာနော်"

အခုမှပုံမှန်ပြန်ဖြစ်လာတဲ့Taehyung။
ဒီမကျေမနပ်အသံလေးကြားမှ Jungkookလဲပြုံးနိုင်တော့သည်။
ဘာမှမပြောပဲ တိတ်ဆိတ်နေတာထက်စာရင် အခုလိုမကျေနပ်တဲ့အရာကိုပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တာက သူလဲဖြေရှင်းပေးလို့ရသေးသည်။

"စိတ်တိုအောင် ဘာများလုပ်မိလို့လဲ
တကယ်မသိတာမလို့ ပြောပြပေး"

"မင်း ညကြီးအချိန်မတော်ရောက်လာတဲ့မိန်းကလေးကို အိမ်ထဲခေါ်စရာလား
သူတစ်ယောက်တည်းလာပြီး မင်းတစ်ယောက်တည်းရှိနေလဲ အခုလိုခေါ်ထားတာပဲလား"

"အာ....အဲ့ဒါကမလာပါဘူး ကျွန်တော်အခုမှတစ်ယောက်တည်းခွဲနေတာလေ
အရင်တုန်းကအိမ်လာရင်တော့ မာမီရှိပါတယ် သူဒီအိမ်ကိုညဘက်လာတာက
အခုမှပါ"

အဲ့ဒီ့ကောင်မလေးနဲ့တွေ့ကတိုင်းပြသနာတွေကြီးပဲ။မိန်းကလေးတစ်ယောက်နဲ့ပြသနာဖြစ်နေရတာကိုလဲ သူသဘောမကျပါဘူး။ဘာလို့သူ့ကိုတွေ့သွားမှာစိုးရိမ်နေတာလဲဆိုတဲ့မေးခွန်းကိုတော့
မမေးဖြစ်ခဲ့။ပြန်ဖြေလာမယ့်အဖြေသာမရေရာခဲ့ရင် သူနာကျင်ရလိမ့်မယ်။

သူ့အစီအစဉ်တွေထဲမှာ ဒါကမပါသေးဘူးလေ။အချစ်နဲ့တွေ့လာရင် နင်ကြိုတင်စီစဉ်ထားသလို ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့ မီရာပြောခဲ့သမျှကို သူဟားတိုက်ပြီးရယ်မောဖူးသည်။တကယ်တော့ သူ့အဖြစ်ကအခြေမခိုင်ပဲနဲ့သတ္တိရှိချင်ယောင်ဆောင်နေခဲ့မိတာပဲ။

"အိပ်တော့ မနက်ကိုစောစောသွားရမယ်မဟုတ်လား"

"အင်း....ငါ့ကို၆နာရီကိုနှိုးပေးနော်"

APOLLO Where stories live. Discover now