ep 2

5.7K 504 32
                                    

#Unicode

Taehyungမနက်စောစော အိမ်ကပြေးစက်ပေါ်မှာ နာရီဝက်ပြေးဖို့ရာ ဖိနပ်စီးနေလိုက်သည်။ပြီးတာနဲ့ ဖုန်းထဲက DJသံစဉ်တစ်ချို့ကိုဖွင့်ပြီး ပြေးစက်ပေါ်တက်လိုက်သည်။သူ့ရဲ့တစ်နေ့တာအစက အိပ်ရာနိုး ရေသောက် လမ်းခဏလျှောက်ပြီးတာနဲ့ ပြေးစက်ပေါ်မှာပြေးခြင်းကနေအစပြုသည်။သူသိပ်ကိုသဘောကျတဲ့DJသံခပ်မြူးမြူးလေးကလည်း အိမ်ထဲမှာ ပျံ့လွင့်နေသလို Taehyungစိတ်အစဉ်ကလဲ သံစဉ်တွေထဲနစ်မြုပ်နေ၏။ခြေထောက်တစ်စုံကတော့ ပြေးစက်ပေါ်မှာ အားသွန်ခွန်စိုက်ပြေးလွှားနေသည်။

နာရီဝက်ပြည့်လို့ ပြေးစက်ပေါ်ကဆင်းပြီးတာနဲ့ရေနွေးအိုးတည်ထားလိုက်သည်။ကော်ဖီခါးခါးတွေမသောက်နိုင်တဲ့သူ့အတွက်တော့ မနက်စာက နွားနို့နဲ့hot chocolateသာ။တစ်ခါတစ်လေကော်ဖီသောက်ချင်လာပြီဆိုရင်တော့ Mocha coffeeကိုသာသောက်သည်။ရေနွေးအိုးခလုတ်နှိတ်ထားတုန်းမှာ
အိမ်ရှေ့က ပန်းခြံထဲကိုဆင်းလာလိုက်သည်။

နှင်းဆီပန်းတွေကလဲ ဖူးပွင့်နေသလို  သစ်ခွပန်းပင်လေးတွေကလဲအဖူးလေးတွေဝေနေသည်။အလှစိုက်ထားသော မြက်ခင်းပြင်သည်လည်း စိမ်းလန်းနေ၏။ပန်းခြံထဲမှာ လိပ်ပြာဝါဝါလေးတွေ ပျံဝဲနေသည်။ထိုလိပ်ပြာလေးတွေက ပန်းပွင့်တွေကိုတို့ထိကာ
ဝတ်ရည်စုပ်ယူနေကြသည်။
မနက်ခင်းတိုက်ခတ်နေတဲ့ လေပြည်လေညင်းထဲမှာ ပျံဝဲနေတဲ့
လိပ်ပြာလေးတွေကို စကားပြောရတာလဲ သူ့အတွက်ကြည်နူးမှု့တစ်မျိုးဘဲ။

"ပန်းတွေက မင်းတို့ဝတ်ရည်ယူဖို့ရာ
ဖြစ်တည်နေရတာထင်တယ် မင်းတို့လဲအာဟာရဖြစ်အောင်တော့စားသုံးရမှာပေါ့ ပန်းနဲ့လိပ်ပြာဆိုတာ အတူတကွ
လောကအလှကို အကျိုးဆောင်ပေး
နေကြတာတဲ့"

Taehyungက အရာအားလုံးကိုအကောင်းမြင်နိုင်အောင် ဖြည့်တွေးတက်သည်။အဲ့လိုအလေ့အကျင့်ရအောင် တမင်ပျိုးထောင်ခဲ့တာ။
သူ့ရဲ့မေမေက အင်မတန်မှ လူတစ်ဖက်သားကိုဖြည့်တွေးပေးတက်တဲ့အကျင့်ကို ပျိုးထောင်မွေးမြူစရာမလိုပါဘဲ ပင်ကိုယ်ဗီဇကိုက ပါလာတာဖြစ်သည်။Taehyungကကြတော့
အဲ့အကျင့်ရအောင် မွေးမြူထားရတာ။

APOLLO Where stories live. Discover now