ep 5

5K 494 57
                                    

#Unicode

ထမင်းစားခန်းထဲရောက်တော့ ဒယ်ဒီကသူ့ပန်းကန်ထဲကို ထမင်းထည့်ပေးနေသည်။သူတို့အိမ်မှာက အိမ်အကူရယ်လို့အမြဲထားတာမရှိ။နေ့အချိန်သာကူလုပ်ပေးမယ့် အဒေါ်ကြီးနှစ်ယောက်ကလာပြီး ညနေဆိုပြန်သွားကြသည်။
အဲ့တော့ မာမီနဲ့ဒယ်ဒီက ထမင်းစားပြီးရင် ကြုံတဲ့သူကပန်းကန်ဆေး သိမ်းဆည်းတာတွေ လုပ်ကြသည်။
Jungkookက ဒါကိုသဘောကြသည်။
မိသားစုရဲ့နွေးထွေးမှု့လေးလို့ ဒါကိုသူကမှတ်ယူသောကြောင့်ပင်။

"ဘယ်လိုဖြစ်လာတာလဲ Taeလေးကဘာလို့အဲ့လောက်ဖျားသွားရတာလဲ"

ထမင်းဝိုင်းမှာထိုင်လိုက်တာနဲ့ မာမီကမေးလာသည်။ဒယ်ဒီကပါသူ့အဖြေကို
စောင့်နေ၏။

"အဲ့ဒါက...ဆယ်ရာရဲ့ကားက အဝေးပြေးလမ်းမှာပျက်သွားလို့ ကျွန်တော်သွားကြိုလိုက်တာ ကားကမပါသွားတော့ သူ့ကားကိုယူမောင်းသွားမိတာ"

"သားက ငှားမောင်းတာမဟုတ်ဘဲ သူများကားကိုယူမောင်းသွားတာပေါ့"

"ကျွန်တော်ငှားသေးတယ်ဒယ်ဒီ.... အကူညီတောင်းတာလို့လည်းပြောတယ် ဒါပေမယ့် သူကလက်မခံတာနဲ့ ကျွန်တော်လည်းဇွတ်ယူမောင်းသွားမိတာ"

ခက်တော့တယ် ဒီကလေးနဲ့တော့။
မကူညီနိုင်ပါဘူးဆိုတည်းက သူ့မှာလည်းမကူညီနိုင်တဲ့အကြောင်းတွေရှိလို့နေမှာပေါ့။

"မာမီ သားကိုအဲ့လို ကိုယ်ထင်ရာလုပ်တာတွေကိုမကြိုက်တာ သူ့မှာသူ့အချိန်ဇယားရှိမှာပေါ့ ဒါကိုသားတို့နားလည်မှာမဟုတ်ဘူး......... လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်က သူတို့မှာအလုပ်ချိန်တွေကပြည့်နေတက်တယ်.....
အထူးသဖြင့်Taehyungက ဆေးရုံကဆရာဝန်တစ်ယောက် ကျန်တဲ့အလုပ်တွေက ပစ်ထားလို့ရခဲ့ရင်တောင် လူ့အသက်နဲ့ပတ်သတ်နေတာမျိုးတွေက
အလွယ်လုပ်လို့မရဘူး"

Jungkookလည်း ကိုယ့်အမှားဖြစ်သွားတာမလို့ ပြန်ရှင်းပြမနေတော့။ဆေးရုံမှာဆရာဝန်က သူတစ်ယောက်တည်းမှမဟုတ်တာ။မာမီတို့ကလည်း နည်းနည်းတော့ပိုနေကြသည်။ဆရာဝန်တွေနဲ့ပတ်သတ်လာရင် ကာကွယ်မှု့တွေအပြည့်။

"ဆယ်ရာကို သားသွားမကြိုနိုင်ရင်
သူ့အိမ်ကကားတွေသွားကြိုဖို့စီစဉ်မှာပေါ့ အခုက သူများအလိုမတူတာကို
သားကဇွတ်လုပ်တဲ့အပြင် ပြသနာပါရှာသေးတယ် မိန်းမရေ...သူ့အိမ်ကိုအကြောင်းကြားပါအုံးကွာ"

APOLLO Opowieści tętniące życiem. Odkryj je teraz