ep 25

3.9K 403 79
                                    

#Unicode
ခြေဖျားလက်ဖျားတွေအေးနေတဲ့Taehyungကို Jungkookစိတ်ပူမိနေတာကြောင့် ရေနွေးနွေးလေးစပ်ပေးပြီးတာနဲ့ ရေချိုးခန်းထဲကို ဝင်စေတော့သည်။

"ငါ အင်္ကျီအပိုမပါဘူး"

"ဟွမ် စီစဉ်ပေးထားတာရှိတာမလို့ အကိုရေအရင်ချိုးလိုက်နော် မြန်မြန်ချိုး"

"အင်း"

ဟွမ်တို့hotelက ဘာတွေကိုတွေးပြီး ကြိုစီစဉ်ထားမှန်းတော့မသိ။ bathtubဘောင်ပေါ်မှာ အရောင်စုံဖယောင်းတိုင်တွေနဲ့ နှင်းဆီပန်းပွင့်ဖက်ချွေပြီးသားဗန်းပါထားပေးထားသေးသည်။မဆီမဆိုင်Taehyungမျက်လုံးက အဲ့ဒါတွေမြင်ပြီး ရှက်ရယ်ရယ်မိသေးသည်။စိတ်ကူးနဲ့လက်တွေ့ကဘယ်တော့မှသူ့အတွက်ထပ်တူမကျ။အခုပဲကြည့် ဖယောင်းတိုင်တွေ နှင်းဆီပွင့်ဖက်တွေက သူတို့နဲ့မဆိုင်သလိုတစ်နေရာမှာရှိနေသည်။သူကတော့ Jungkookစပ်ပေးထားတဲ့ရေနွေးနွေးလေးထဲသာ ဆင်းလိုက်ရတော့သည်။ဒီနေ့လူကောစိတ်ပါ Taehyungပင်ပန်းနေတာဖြစ်သည်။

Jungkookအကိုဝတ်ဖို့အဝတ်တွေကုတင်ပေါ်တင်ပေးနေတုန်းမှာ ရေချိုးခန်းထဲကနေအကိုကထွက်လာခဲ့သည်။bathrobe ကိုဝတ်ထွက်လာကာ ခေါင်းမှာကရေစက်လက်နဲ့။

"အချိန်မရှိတော့တာကို ခေါင်းလျှော်လိုက်တာလား လေတိုက်ခံထားရလို့အေးနေတာကိုခေါင်းလျှော်လိုက်ရသလား တကယ်ပါပဲ ကလေးလားအကုန်လိုက်ပြောနေရအောင် ကင်မ်ထယ်ယောင်းရှီ ကိုယ့်ကိုယ်ကို ဆရာဝန်ဆိုတာလည်းသတိရအုံး"

ခါးထောက်ပြီးသူ့ကိုဆူနေတဲ့ကောင်လေးအနားကိုတိုးသွားလိုက်ပြီး ခါးကိုတင်းနေအောင်ဖတ်ထားကာ ရင်ခွင်ထဲတိုးဝင်လိုက်တော့သည်။Jungkookကလူကောင်ထွားတာမလို့ Taehyungကိုယ်လုံးလေးက
Jungkookရင်ခွင်ထဲမှာ အံကိုက်ဖြစ်နေတော့သည်။Taehyungအချိန်တိုင်းပစ်ဝင်ချင်ရာ နေရာလေးပဲ။

"တစ်နေကုန် ခွဲစိတ်ခန်းဝင်ထားရပြီး လူနာတွေကြားထဲနေထားရတော့ ဆေးရုံနံ့တွေကစွဲနေပြီ ငါ့အနားမှာမင်းအိပ်ရင် ဆေးနံ့တွေကြောင့် အဆင်မပြေမှာစိုးလို့"

"အဆင်ပြေတယ် အကိုဖြစ်နေဖို့ပဲလိုတာ
ကျွန်တော့်အတွက်ကြီးမတွေးပါနဲ့ အကို့အတွက်အကိုတွေးပါအုံး"

APOLLO Where stories live. Discover now