The annoying vampire and me <3

Začít od začátku
                                    

ရှောင်ကျန့် - ချီး!!! လူကို ဝါးစားတော့မယ့်အတိုင်း စိုက်ကြည့်လာရလား ကျက်သရေတုံးလေးရဲ့။ ဟမ့် မင်းလိုကောင်မျိုးက အဆူခံရတာနဲ့ပဲ တန်တယ်။ ငါ့ဂရုဏာလေးတွေနဲ့ မတန်ဘူး။

လိပ်ပြာလွင့်မတတ်ကြောက်ရွံ့တဲ့ စိတ်ခံစားချက်ကို ရိပေါ်ရဲ့ အကြည့်ကို မြင်ဖူးမှ ခံစားမိလိမ့်မယ်။ အရမ်းကြောက်တယ်* ဆိုတာဟာ ထိုမျက်ဝန်းနီတွေနဲ့ မစုံဖူးသေး၍သာ ထိုသို့ပြောခြင်းပါ။ မျက်ဝန်းနီတွေ တောက်ပနေပုံက အသွေးအသားတွေကို အစိမ်းလိုက် စားသုံးနေသလိုပဲ။ ရှောင်ကျန့် သူ့ ကျောရိုးတစ်လျှောက် ပျံ့နှံ့လာတဲ့ ဒီကြောက်ရွံ့မှုကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သူ့ကိုယ်သူ သိလိုက်ရတယ်။

ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အကြီးအကဲက ရှောင်ကျန့်ကို မျက်လုံးမှေးကြည့်ပြီး ဆိုတယ်။

"မုဟွာကျဲ ရဲ့ သားဆိုတာ မင်းပေါ့လေ"

"ဗျာ.?"

အမေ့နာမည်ကို ကြားလိုက်ရတာမို့ ရှောင်ကျန့် အံ့ဩသွားသည်။ ကျန်းမုတို့ကလည်း လန့်ဖြန့်သွားကြကာ ရှောင်ကျန့်ဘေးကနေ အမြန်ပဲ ထသွားကြတယ်။ အကြီးအကဲက ရှောင်ကျန့်ကို အေးစက်စက် အကြည့်တွေနဲ့ ဆက်တိုက်ကြည့်နေခဲ့ပြီး အ‌တန်ကြာမှ ထရယ်တယ်။

"မထင်ထားမိဘူး၊ တကယ် မထင်ထားမိဘူး မင်းက ငါ့တူလေးဖြစ်နေမယ်လို့။ ဟင်းးး မင်းအမေ ငါ့အစ်မက မင်းကို မွေးပြီးပြီးချင်း ဒီရောက်လာခဲ့သေးတယ်။ မုဟွာက အဲ့တုန်းက ငါတို့အကြီးအကဲတွေ‌ကို အတော်လေး ဒုက္ခပေးသွားခဲ့တာ။ ရှောင်ရှောင်းကျန့်... မင်းက တကယ့်ကို ပြသနာကောင်လေးပဲ ဟားဟားဟား"

"ဟမ်..."

ရှောင်ကျန့် - ပြသနာကောင်က ဟိုမှာ‌လေ ဟိုမှာ ဒူးထောက်နေတဲ့ သခင်လေးလေ၊ အခုလည်း သူပြသနာရှာခဲ့လို့ ဆူနေကြတာမဟုတ်ဘူးလား။ ဘာကိစ္စ ငါက ပြသနာကောင်ဖြစ်ရမှာလဲ။

အကြီးအကဲကြီးက ဆက်ပြောတယ်။

"ဒါပေမယ့် မင်းက ငါတို့မျှော်လင့်ထားသလို မျိုးနွယ်ဝင်ဖြစ်မလာတာမို့ ငါတို့ကြား ဘာပတ်သတ်မှုမှ မရှိတော့ဘူး။ မင်းအဖေ ငါတို့မျိုးနွယ်ပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းလည်းသိလိမ့်မယ်လို့ ငါယုံတယ်။ ပုံမှန်ဆို ငါတို့က လူသားတွေကို မုန်းတတ်တဲ့ အစဉ်အလာ‌မရှိပါဘူး။ ဒါပေမယ့် မင်းအဖေရဲ့ လုပ်ရပ်တွေကြောင့် သားဖြစ်တဲ့ မင်းကို မုန်းတယ်"

The Annoying Vampire and MeKde žijí příběhy. Začni objevovat