The annoying vampire and me <3

Start from the beginning
                                    

ကျန်းမု " မင်းအတွက် အန္တရာယ်ရှိတာက အဲ့မျိုးနွယ်စုကြောင့်ပဲ။ မင်းကအခုချိန်မှာ ငါတို့မျိုးနွယ်ရဲ့ သခင်လေးဆီကနေ ကိုက်တာခံလိုက်ရတယ်။ တနည်းပြောရရင် မင်းကို ဒီတိုင်းပဲထားမလား ဒါမှမဟုတ်.... ၊ ထားပါတော့ မင်းက အခုဆို သခင်လေးရဲ့ ယာယီအမှတ်သားပေးခံထားရတာမို့ မင်းကို ဟိုဘက်မျိုးနွယ်က သေချာပေါက် လာရှာလိမ့်မယ်"

"ငါ အကိုက်ခံရတာနဲ့ အဲ့ခွေးတွေနဲ့က ဘာဆိုင်လို့လဲဟ နောက်ပြီး ဒီတိုင်းပဲထားမလား ဒါမှမဟုတ်... ဒါမှမဟုတ်ရင် ဘာဖြစ်လဲ"

ကျန်းမုက ဆက်မပြောခင် သက်ပြင်းချလိုက်သေးသည်။ အဲ့နောက် " ငါတို့မျိုးနွယ်နဲ့ သမန်းဝံပုလွေတွေ ဘာလို့မတည့်လဲသိလား"

ရှောင်ကျန့် ခေါင်းခါပြလိုက်တယ်။ မတည့်တာကိုတော့ သိပေမယ့် ဘာကြောင့်ဆိုတာမျိုးကိုတော့ သူတကယ်မသိဘူး။ မားကို မေးကြည့်ဖူးပေမယ့် မားက သူလည်း သေချာမသိဘူးလို့သာ ဖြေပြီး ရှောင်သွားခဲ့တာမို့။

ရိယွင် - "ငါတို့ မျိုးနွယ်မှာ ခေါင်းဆောင်အသစ်မွေးဖွားတိုင်း အဲ့ခေါင်းဆောင်အတွက် ကြင်ယာဖက် တစ်ယောက်အမြဲရှာဖွေရတယ်။ များသောအားဖြင့် မျိုးနွယ်တူ ဗန်ပိုင်းယားအချင်းချင်း ကြင်ယာဖက်တာဆိုပေမယ့် ကြင်ယာဖက်တယ်ဆိုတဲ့ စည်းက မျိုးနွယ်တူလို့မဟုတ်ဘူး။ ကိုက်ခံရတာကိုဆိုလိုတာ။ မျိုးနွယ်ခေါင်းဆောင်က ကြင်ယာဖက် မရှိသေးဘဲ တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကို ကိုက်မိသွားရင် အဲ့လူက အကြမ်းဖျင်းအားဖြင့်တော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ကြင်ယာဖက်လို့ ပြောလို့ရတယ်။ ဗန်ပိုင်းယားဖြစ်နေစရာမလိုဘူး။ လူဖြစ်လည်းရတယ်။ ဝံပုလွေမျိုးနွယ်ကဆိုရင်တောင် စည်းက အလုပ်လုပ်တယ် ၊ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ငါတို့မျိုးနွယ်ခေါင်းဆောင်တစ်ယောက်က သမန်းမျိုးနွယ်ရဲ့ မျိုးသန့်တစ်ယောက်ကို ကိုက်မိပြီး အမှတ်ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် သမန်းမျိုးနွယ်ဝင်တွေက ငါတို့ဗန်ပိုင်းယားတွေကို နိမ့်ကျတဲ့ကောင်တွေဆိုပြီး လက်မခံကြဘူး။ နောက်ပိုင်းမှာ သမန်းမျိုးသန့်ကို ကိုက်ခဲ့တဲ့ ဗန်ပိုင်းယားကို သတ်ပစ်ဖို့ သူတို့ဘက်က စီစဉ်ခဲ့တယ်။ အဲ့နည်းလမ်းကပဲ အမှတ်သားကို ဖျက်နိုင်တာမို့ သူတို့တွေ လက်မတွန့်ခဲ့ကြဘူး။ မျိုးနွယ်သန့်စင်ရေးက အဓိကဖြစ်နေခဲ့တာမို့ ငါတို့ဘက်က လက်ခံခဲ့ပေမယ့်လည်း သမန်းတွေဘက်က လွန်လာခဲ့တယ်။ အမှတ်ပြုခဲ့တဲ့ လူကို သတ်လိုက်ရုံတင်မကဘူး ငါတို့မျိုးနွယ်ဝင် အချို့ကိုပါ သတ်ပစ်ခဲ့သေးတာ။ မျိုးနွယ်စုက အရာရာဖြစ်နေခဲ့တဲ့ ငါတို့အတွက် သူတို့ရဲ့လုပ်ရပ်က အရမ်းလွန်တာမို့ လက်မခံနိုင်ခဲ့ဘူး။ အဲ့လိုနဲ့ငါတို့ကြားမှာ ရန်ငြိုးတွေပွါးလာပြီး 'တွေ့ရင်တွေ့တဲ့နေရာမှာသတ်' ဆိုတဲ့ စိတ်တွေဖြစ်လာခဲ့ကြတယ်။ သမန်းတွေဘက်က ငါတို့မျိုးနွယ် တွေကို အမြဲနှိမ်ပြီး သတ်ဖြတ်သလို ငါတို့ဘက်ကလည်း သမန်းမျိုးနွယ်ဝင်တွေကို တွေ့တာနဲ့ ပွဲသိမ်းဆိုပြီး သတ်ပစ်လာခဲ့တာ ရာစုနှစ်တွေချီနေပြီ ။ အဲ့လိုနဲ့ အခုအချိန်ထိ ငါတို့ကြားက ရန်ငြိုးကမပြီးသေးဘဲ ရှည်ကြာနေတာ။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်လက မွေးဖွားတဲ့ သမန်းမျိုးသန့်တစ်ယောက်က ငါတို့သခင်လေးရဲ့ ပြိုင်ဘက်ဆိုလည်းမမှားဘူး။ မင်း.. မင်းကို သူတို့သတ်လိမ့်မယ်။ မျိးနွယ်ဝင်တစ်ယောက်ကို အနိုင်ယူဖို့က အမှတ်ပေးထားခံရတဲ့လူကို သတ်ရုံပဲ။ အဲ့တာဆို အမှတ်ပေးတဲ့လူကိုပါ အနိုင်ယူပြီးသားဖြစ်သွားတယ်။ "

The Annoying Vampire and MeWhere stories live. Discover now