အချစ်လွန် သို့ အချစ်ကျွန် Room14

Começar do início
                                    

ပိုင့်ကို ပိုင်မို့ချစ်ခဲ့ရတာမို့
ပိုင့်ရဲ့အလှအပဆိုတာမျိုးကိုတစ်ခါမှ
မောင် တစ်ခါလေးမှ မခံစားခဲ့မိဘူး
ခုချိန်မှာ​တေ့ာ ပိုင်က
မောင့်ရဲ့နတ်သားတစ်ပါးထက်ကိုပိုတယ်
မောင့်ရဲ့ အရာရာထက်ကိုပိုတယ် ပိုင်

ပိုင်!!!

ဝတ်လစ်စလစ်ခန္ဓာကိုယ်ကြီးနဲ့
ပိုင့်ကိုပြေးဖက်မိတာလည်း မသိတော့ဘူး
ဒီနေ့ပွဲအတွက် ကိုယ့်ကိုကိုယ်ဂုဏ်ယူနေရတော့မှာ
ကိုယ့်ဘေးနားမှာရှိနေမယ့်
ပိုင်အမျိုးသားကြောင့်😍

"ချစ်တယ် ပိုင်"
"ဗျာ"

ပိုင်ကများ ဗျာလို့ထူးရင်
မောင်ကရူးလောက်အောင်ကို ခံစားသွားရတာ

ပိုင်က မောင်နဲ့အတူရှိနေမှာတဲ့လေ...

"မောင် ဟေ့လူ ခင်ဗျား ဘာဖြစ်နေတာလဲ
ခင်ဗျား ဘာသာ​ပြန်ကြည့်ဦး"

"မကြည့်ဘူးကွာ"

"ဘာဗျ ​ခင်ဗျား တုံးလုံးကြီးလိုက်မှာလား
ကျနော်ကခေါ်သွားရဲတယ်နော် မောင်
တစ်ခါတည်းချီသွားလိုက်ရမှာလား ပြောလေ ခင်ဗျား"

ဟာ..ပိုင်.."""

ရှက်စိတ်နဲ့မောင့်မျက်နှာကြောင့်
ရီချင်စိတ်ကိုထိန်းလိုက်ရတယ် တကယ့်လူ
သူဘယ်လိုပုံစံဖြစ်နေလည်းတောင်မေ့နေသလားဘဲ
{}{}{}{}{}{}{}{}{}{}

"ရန်ရန်"
"ဘာလဲ မင်းခ"
"စိတ်လှုပ်ရှားနေပြီလား"
"ဘာအတွက် ငါကစိတ်လှုပ်ရှားရမှာလဲ"
"ခဏနေ ဇေဝါမောင်နဲ့တွေ့ရမှာလေ
ပြီးတော့ ခ စီစဥ်ထားတာတွေ
ရန်ရန်ကိုမြင်စေချင်ပြီ"

"မလိုပါဘူး ငါ့အနေနဲ့က ဘယ်လိုဖြစ်ဖြစ်
သူ့ကိုသာလွန်ပြီး အနိုင်ရနေရင်တော့ပြီးရော
သူနဲ့ငါ့ကြားပတ်သက်မှု့ဆိုတာ
အနိုင်အရှုံးကလွဲ တခြားဘာမှမရှိတဲ့အတွက်
စိတ်လှုပ်ရှားဖို့လည်းမရှိဘူး"

"ဒီလိုဆို သူနဲ့တွေ့တဲ့အခါ
မနှုတ်ဆက်ဘူးလား ရန်ရန်"

"ဟန်ဆောင်တာတွေတော့ရှိတာပေါ့ မင်းခရာ"
"ရန်ရန်ပျော်ရမှာပါ"
{}{}{}{}{}{}{}{}{}{}{}

"ပိုင် မြန်မြန်မောင်းပေးပါဦးလား
ပွဲက စ နေလောက်ပြီ"

"ဘယ်သူ့ကြောင့်နောက်ကျရတာလဲ မောင်"

အချစ်လွန် သို့' အချစ်ကျွန် CompletedOnde histórias criam vida. Descubra agora