(၅) where's my vrownie

353 62 10
                                    

သခင်ကြီးသည် သူ၏ကုတ်အင်္ကျီများထဲမှ အညိုနုနုတစ်ထည်အား ထုတ်ပေးလာ၏။ အရပ်အမောင်း သိပ်မကွာကြတာမို့ ကျွန်တော်ဝတ်လိုက်သောအခါ သခင်ကြီးပုံစံနီးတူ ပေါင်လယ်လောက်အထိ ဖုံးအုပ်‌လေသည်။

" လာ .. မြင်းပေါ်တက် ဂျွန်ငယ် "

ရိုလ်၏ ဇတ်ကြိုးအားထိန်းကိုင်လို့ လက်ကမ်းလင့်လာသော သခင်ကြီး။ ကျွန်တော်မော့ကြည့်မိခိုက် ခပ်ဖြဖြနေအလင်း၏ ကျီစယ်မှုကို ခံလိုက်ရ၏။ သို့သော်လည်း မျက်တောင်ခတ်မိရုံသာရှိပြီး အကြည့်မလွှဲမိပေ။

နက်မှောင်နေသော ‌ဆံနွယ်များကို လိမ်းဂျယ်အကူအညီဖြင့် သပ်တင်ထားသော်လည်း တစ်စွန်းတစ်စဟာ နဖူးထက်ဝေ့ဝဲကျနေ၏။ အရယ်အပြုံး ကင်းမဲ့သော မျက်နှာထား၊ စူးစူးရှရှ မျက်ဝန်းများ။ ဘယ်အချိန်ကြည့်ကြည့်၊ ဘယ်နေရာ၌ ဆုံဆုံပါလေ ရင်ဖိုရစမြဲ။

" ဂျွန်ငယ် "

သတိပေးဟန်လေးဖြင့် ထပ်မံခေါ်လာစဉ်ဝယ် အတွေးစတို့အား ဖြတ်တောက်ပြစ်လိုက်ရသည်။ ဆီးကြိုလျက်ရှိသော လက်ဖဝါးလေးကို အလျင်ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် စွေ့ခနဲလှမ်းဖမ်းကာ ရိုလ်အပေါ်သို့ ဆွဲတင်၏။ မြန်ဆန်သောလှုပ်ရှားမှုများဟာ စက္ကန့်ပိုင်းမျှသာ ကြာလိမ့်မည်။

" ဘယ်သွားကြမလို့လဲ သခင်ကြီး "

" ဟိုရောက်ရင်သိလိမ့်မယ် "

လက်ရှိအနေအထားမှာ ဂျွန်ငယ်သည် သခင်ကြီး၏ အရှေ့၌သာ။ မြင်းဇတ်ကြိုးကို လှမ်းကိုင်ထားရသည်မို့ ဂျွန်ငယ့်ကိုယ်လုံးလေးဟာ သခင်ကြီးရဲ့ ကျယ်ပြောပြောရင်ခွင်ထဲ၌ အံဝင်တကျဖြင့်။

" ခေါင်းလျှော်ထားတာလား ဂျွန်ငယ် "

" ဟုတ် ဟုတ်ပါတယ် သခင်ကြီး။ ဘာလို့လဲဟင် အနံ့ဆိုးနေလို့လား "

သခင်ကြီးနှင့်အတူ လျှောက်လည်ရမည်မို့ အစွမ်းကုန်ပြင်ဆင်ထားခြင်းပင်။ အဘယ်၍ဆို ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါလား။ ထို့ကြောင့် သခင်ကြီးကို အမြင်ကြည်စေချင်သည်။

" ကိုယ်ကြိုက်တယ် "

" ဗျာ "

" ဂျွန်ငယ်နဲ့ ပတ်သက်သမျှ ကိုယ်ကြိုက်တယ် ဂျွန်ငယ်။ အဲ့တာကြောင့် ဂျွန်ငယ်က ဂျွန်ငယ့်ပုံစံအတိုင်းပဲနေပေး။ ကိုယ်က အမြဲတမ်း သဘောကျပေးမယ်ဆိုတာ ယုံ "

Where's my (b) vrownie Where stories live. Discover now