(၃) where's my vrownie

381 69 14
                                    

လသာဆောင်၌ ကျောပေးမတ်တပ်ရပ်နေသော သခင်ကြီး။ တစ်ခြမ်းတည်းသာနေသည့် လခြမ်းအား လှမ်းလို့ငေးမောနေလေ၏။ လက်နှစ်ဖက်ကို အနောက်ပြစ်ထားပုံမှာ အတော်လေးခန့်ညားသည်။ နောက်ကျောဘက်မှမြင်နေရသည်ကိုတောင် မက်မောစရာကောင်းလှသော သခင်ကြီး။

" သခင်ကြီးကို ကျွန်တော်ပြောစရာရှိတယ် "

" မအိပ်သေးဘူးလား ဂျွန်ငယ်။ အချိန်လင့်နေပြီ "

" ဒီစကားမပြောရမချင်း ကျွန်တော်အိပ်ပျော်မှာမဟုတ်ဘူး သခင်ကြီး "

" ဟုတ်ပြီ ပြောလေ "

ကျောခိုင်းထားမြဲအနေအထားအား သဘောမကျပါ။ ထို့ကြောင့် သခင်ကြီးနံဘေး၌ ယှဉ်ရပ်လိုက်သည်။

" အစ်ကိုလေးရိဟွာကို ကျွန်တော်တကယ်မမြူစွယ်ဘူးနော် သခင်ကြီး "

" အင်း ကိုယ်သိတယ် "

" ကျွန်တော့်ကို ယုံတယ်ပေါ့နော် ဟုတ်လားဟင် "

" ဂျွန်ငယ် "

" ဗျာ "

" လိမ်နေခဲ့ရင်တောင် ကိုယ်ကမင်းကိုပဲယုံပေးမှာ "

စောင်းငဲ့ကြည့်လာသော မျက်ဝန်းများသည် နွေးထွေး၏။ ပွေ့ဖက်ခြင်းမခံရပါပဲ ကျွန်တော့်စိတ်လေး သိသိသာသာ ပူနွေးသွားရသည်။

" သခင်ကြီး "

" ပြောလေ ဂျွန်ငယ် "

" အချစ်ဆိုတာ ဘာလဲဟင် "

" ဒီနေ့အတွက် မေးခွန်းတွေသိပ်များနေပြီ ကိုယ့်ဂျွန်ငယ်။ သွားအိပ်ချေတော့ ကိုယ်လည်းနားချင်ပြီ "

ကိုယ့်ဂျွန်ငယ် .. ကိုယ့်ဂျွန်ငယ်တဲ့လား။

အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ။ ထိုအချစ်က လိင်တူယောက်ျားသားနှစ်ဦးကြားမှာကော ပေါက်ဖွားနိုင်သလား။ အချစ်က နူးညံ့ခြင်းလား။ ကြမ်းတမ်းခြင်းလား။ ရင်ခုန်တာနဲ့ အချစ်ဟုပဲခေါ်ကြလေသလား။

ဒီလိုသာဆိုရင် သခင်ကြီး၏ ကိုယ့်ဂျွန်ငယ်ဟူသော နာမ်စားကြောင့် ကျွန်တော်‌ရင်ခုန်နေမိသည်။ သို့ပေမယ့် အချစ်ဆိုတာဟာ အဲ့လောက်ထိ ရိုးရှင်းမည်မထင်။

Where's my (b) vrownie Where stories live. Discover now