မဟောင်းနိုင်သော ပုံပြင်လေးတစ်ပုဒ်။
သခင်ကြီးဟာ ဒေစီတစ်ပွင့်ကို ကမ်းပေးလေရဲ့။ မပီမသအပြုံးတွေအောက်ဝယ် စကားတစ်ခွန်းကို ချွေလွှင့်ခဲ့၏။“ ဂျွန်ငယ် .. မင်းအတွက် ”
ပုံပြင်လေးအစဟာ ဤသို့ဖြစ်သည်။ ။
•••
အုံ့မှိုင်းနေသော မြူနှင်းများကြောင့် ရှေ့မြင်ကွင်းဟာ ဝေဝါးစွာ။ သုံးထပ်အမြင့်ရှိသော စံအိမ်ကြီး၏ လသာဆောင်တွင် ရပ်နေသော်လည်း ဘယ်အရာကိုမှ ရေရာပြတ်သားစွာ မမြင်တွေ့ရပေ။ ဆောင်းဦးရာသီသာရှိသေးသော်လည်း တောစပ်နားဖြစ်သောကြောင့် အအေးဓာတ်ဟာ မြို့တွင်းထဲထက် နှစ်ဆပိုကဲ၏။
မြောက်လေရူးကြောင့် ခြံဝင်းထဲရှိ မေပယ်လ်ပင်မှ အရွက်များပြန့်ကျဲကာ ကြွေကျနေသည်။ မကုန်ခမ်းနိုင်သော ထိုအရွက်ညိုများအား တံမြတ်စည်းတစ်ချောင်းဖြင့် လှည်းနေသော အဘိုးအိုတစ်ယောက်။ ထိုအခြင်းအရာကို မြင်သွားလေသော လသာဆောင်မှ ကောင်လေးငယ်သည် ခပ်ကျယ်ကျယ်စကားလှမ်းဆို၏။
" ဖိုးဖိုး ဘာလို့အလုပ်တွေလုပ်နေတာလဲ။ နားပါဆိုတာကိုဗျာ "
" လှဲနေရတာကြာတော့ ပျင်းလို့ပါ မြေးရာ "
စကားအဆုံး၌ ကောင်လေးငယ်သည် အလိုမကျစွာ မျက်မှောင်ကျုံ့၏။ တစ်ပြိုင်နက်တည်းမှာပဲ ခပ်စူစူဖြစ်လာသော နှုတ်ခမ်းပါးလေးသည် အအေးဓာတ်ကြောင့် ပန်းနုရောင်သမ်းလို့ရယ်။
" ကျွန်တော်လာလှည်းမယ် ဖိုးဖိုး နားတော့ " ဟုဆိုကာ လသာဆောင်မှ လှစ်ခနဲပြေးထွက်လာလေသည်။ ကြောင်လိမ်လှေကား တစ်ထစ်ချင်းဆီအား အဆင့်ကျော်ခြင်းမရှိပဲ ခြေလှမ်းမှန်မှန်ဖြင့်ဆင်း၏။
စံအိမ်တော်သည် အတော်လေးခမ်းနားသလို ခြံဝင်းသည်လည်း အလွန်အမင်းကျယ်ဝန်း၏။ အိမ်တော်ထဲတွင်တော့ နေထိုင်မည့်သူမရှိပါ။ သန့်ရှင်းရေးလုပ်ရမည့်အချိန်လောက်သာ အလုပ်သမားများ ဝင်လာတတ်သည်။ ခြံဝင်းကျယ်ကျယ်၌ မရေတွက်နိုင်သော မေပယ်လ်ပင်များရှိ၏။ အခြားသစ်ပင်၊ပန်းပင်များမရှိပါ။ ခြံဝင်း၏အနောက်ဘက်တွင် အလုပ်သမားတန်းလျားနှင့် သိုးထားရာခြံသေးသေးလေးရှိသည်။
YOU ARE READING
Where's my (b) vrownie
Fanfiction~ ကိုယ်ဖွင့်ဆိုတဲ့ အချစ်က ကိုယ့်ဂျွန်ငယ်ပဲ ~ taekook (a tale of the daisies)