(၂) where's my vrownie

422 77 2
                                    

အနောက်အရပ်သို့ တိုးဝင်လက်စဖြစ်သည့် နေရောင်ခြည်နွေးနွေးမှ အလင်းတန်းတစ်ချို့ဟာ သစ်ရွက်များကြားမှ ဖြာကျနေ၏။ တစ်ချက်တစ်ချက်ဝေ့ဝဲတိုက်ခတ်နေသော လေပြေညှင်းတို့မှာ သာယာသောညနေခင်းအား အသွင်ဆောင်လျက်ဖြင့်။ ပို၍ပြီးပြည့်စုံစေသည်က မေပယ်လ်ပင်အောက်၌ ပိတ်စအဖြူခင်းကာ စာထိုင်ဖတ်နေသူတစ်ဦးကြောင့်ပင်။

" တစ်ခုခုသုံးဆောင်ဦးမလား သခင်ကြီး "

စတွေ့တုန်းကကဲ့သို့ လောင်းကုတ်အရှည်ကြီး မဝတ်ထားတော့ပေ။ ရှပ်လက်ရှည်အဖြူအား တံတောင်ဆစ်အနားအထိ ခေါက်တင်ထား၏။ ထိပ်မှစရေတွက်လျှက် သုံးနေရာမြောက်အထိ ကြယ်သီးများဟာ တပ်ထားခြင်းမရှိပေ။ လှစ်ဟာပြထားသောကြောင့် အထင်းသားပေါ်နေသည့် ခပ်ကျယ်ကျယ်ရင်အုံ။ ကြွက်သားများမို့မို့မောက်မောက်ဖြစ်နေခြင်းမဟုတ်ပါပဲ ကျစ်ကျစ်လျစ်လျစ်ရှိ၏။

" ကိုယ့်အတွက် ရေတစ်ခွက်ပဲယူပေး ဂျွန်ငယ် "

" ဟုတ်ကဲ့ပါ သခင်ကြီး "

ခေါင်းငုံ့အရိုအသေပေးကာ ထိုနေရာမှ ခပ်သွက်သွက်ထွက်လာလိုက်သည်။ ဖွားဂျူမေးခိုင်းလို့သာ လာမေးရတာပါ။ အမှန်တော့ သခင်ကြီးအနား ကျွန်တော်မကပ်ရဲ။ ကြောက်တယ်ဆိုတာထက် မနက်ကကဲ့သို့ တောင့်တောင့်ကြီးထပ်ရပ်နေရမည်ကို မလိုလား၍ပင်။

သိပ်မကြာလိုက်ပါ။ စံအိမ်ထဲမှ ဖန်ခွက်ကြည်လေးတင်ထားသော လင်ဗန်းကိုကိုင်လို့ ကောင်လေးငယ်ပြန်ထွက်လာလေပြီ။ ခပ်အုပ်အုပ်ဆံနွယ်လေးတွေရယ်၊ ဝါဂွမ်းထည်ကြောင့် လုံးတစ်တစ်ဖြစ်နေသော ကိုယ်လုံးလေးရယ်။ လိမ္မော်နုရောင် ကောင်းကင်နောက်ခံနှင့် အညိုရောင်မေပယ်လ်ရွက်တွေကြား အဆုံးမရှိသော ပန်းချီငယ်။

ဂျွန်ငယ် .. ကိုယ့်ရဲ့ ပန်းချီကားချပ်လေး ~

" သုံးဆောင်လို့ရပါပြီ သခင်ကြီး "

" ကျေးဇူးပဲ ဂျွန်ငယ် "

" ထပ်ပြီးဘာများလိုအပ်ပါသေးလဲ သခင်ကြီး "

ရေခွက်ကိုလှမ်းယူလို့ တစ်ဂျိုက်တည်းမော့သောက်လေ၏။ ထိုအခါ စုန်ချည်ဆန်ချည်ဖြစ်သွားသော လည်ပင်းမှ အာဒံပန်းသီး။ ရေဖြင့်ထိတွေ့လိုက်ခြင်းကြောင့် စိုစွတ်စွတ်ဖြစ်ကျန်ရစ်ခဲ့သည့် နှုတ်ခမ်းသားများ။ အမျိုးသားတစ်ယောက် ရေသောက်တာ အဲ့သည်လောက်အထိ ကြည့်ကောင်းသလားဟု အတွေးဝင်မိ၏။

Where's my (b) vrownie Where stories live. Discover now