RVTIACF Chapter-(36)

Start from the beginning
                                    

အခုချိန်မှာ သူမလုပ်နိုင်သမျှက စောင့်နေရုံသာ။ ယိချန်က တစ်ရက်...နှစ်က်လောက်နေရင်တော့ သူမကိုလွမ်းလာမှာပါ။ ဆိုရိုးရှိတဲ့အတိုင်း ကင်းမဲ့မှုက နှလုံးသားကိုပိုနှစ်သက်လာစေသတဲ့။ သူမအမေထွက်သွားပြီး ယိချန်ကိုပြန်ခေါ်နိုင်ခဲ့ရင် တိုက်ခန်းမှာရိုမန်တစ်ဆန်ဆန် ညစာပွဲလေးကိုပြင်ဆင်ဖို့ စီစဥ်ထားသည်။

သူမအကောင်းမြင်ဖို့ ပင်ပန်းလွန်းနေပေမယ့် မနေနိုင်ဘဲ ပိုင်ရွယ်ဝေ့နှလုံးသားက အဆင်မပြေမှုတွေနဲ့ လွမ်းနေသည်။ ယိချန်ကချူရှောင်း အတန်းပြီးတာနဲ့ ချက်ချင်းနောက်ကလိုက်သွားရုံတင်မကသေး၊ သူမရဲ့ဖုန်းလေးတစ်ကောလ်တောင် ပြန်မဖြေခဲ့ချေ။ ဖုန်းတွေကို ပြန်ဖြေလိုက်တဲ့ ညအချိန်ကြီးကျတော့လည်း ဖြေတဲ့သူကသူ့အမေဖြစ်နေကာ သူကုမ္ပဏီကိုဘယ်လို ဝင်တော့မယ်ဆိုကြောင်းသာ ပြောနေသည်။

ဘာပဲဖြစ်ဖြစ် သူမကိုယုံကြည်မှုရှိစေတဲ့ တစ်ခုတည်းသောအကြောင်းရင်းက သူမအတွက်ယိချန်ရဲ့ အချစ်စစ်ဆိုသည်သာ။ သူမယိမိသားစုရဲ့ ကြားဝင်မှုတွေကိုမဖြုံပေမယ့် ယိချန်ရဲ့ယိမ်းယိုင်နေတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ကြောက်မိသည်။

အရင်က ချူရှောင်းနောက်ကို အမြဲလိုက်ခဲ့တော့ သူတို့ရဲ့အရင်ဆက်ဆံရေးအကြောင်း အားလုံးသိတာပေါ့။ အခုသူမနဲ့ချူရှောင်း စည်းခြားထားတော့ တခြားတစ်ဖက်ကကြည့်ရင် အသိုင်းအဝိုင်းကဖယ်ကြဥ်ခံရတဲ့ သာမန်ကောင်မလေးတစ်ယောက်ထက် မပိုတော့ဘူး။ ဒါကြောင့် ယိချန်နဲ့ချူရှောင်းကြား ဘာတွေဖြစ်နေလဲ ထပ်ပြီးမသိရတော့။

မသေချာမှုတွေက သူမပေါ်ချိတ်ဆွဲထားတဲ့ ထက်ရှတဲ့ဓားသွားတစ်ချောင်းလို သူမရဲ့ကြောက်ရွံမှုနဲ့ ညဘက်အိပ်မပျော်မှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်လာတော့သည်။
တစ်ညလုံး သူမနိုးနေပြီး သူမနဲ့ယိချန်ကြား chat history တွေကိုကြည့်ပြီး ဖုန်းကိုတင်းတင်းဆုပ်ထားခဲ့သည်။ အဲ့တာမှပဲ တစ်ခဏတော့ စိတ်သက်သာရသွားပေမည်။

ပူးပေါင်းမှုအစီအစဥ်တွေပြည့်စုံသွားချိန်မှာတော့ ချူရှောင်းနဲ့ဖန်ချင်းက သူတို့ရဲ့စနေ၊တနင်္ဂနွေအးလပ်ချိန်တွေမှာ အမေနဲ့သမီးအဖြစ်အချိန်တွေ အတူတူကုန်ဆုံးကြသည်။ အစီအစဥ်ကို ထပ်ပြောင်းစရာမလိုတော့ဘူးဆိုတာ ဆုံးဖြတ်ပြီးနောက် ကုမ္ပဏီနှစ်ခုကြားတွေ့ဆုံပွဲအချိန်ဇယားကို ဆက်သွားကြသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now