4

155 16 3
                                    

တဖြည်းဖြည်းနဲ့ အမြင်ဝေဝါးလာတဲ့ဆော့ဂျင်တယောက် သောက်ထားသမျှ ဆိုဂျူတွေကအစွမ်းပြလာပြီဖြစ်သည်

" ဝေါ့ ''

ရုတ်တရက်ဆိုသလို ယွန်းဂီရဲ့ပခုံးပေါ်ကို ချစ်ရသူနှုတ်ခမ်းကထွက်လာတဲ့အဖြူရောင်အပိူင်းအစများ

" အားးးးးးးးးးးးး ခင်..ခင်ဗျား ဘာလုပ်''လုပ်လိုက်တာလဲ ''

" ဆော..ဆောရီးးး ''

" ချီးးးးး ''

Finally, ယွန်းဂီတယောက် Jin ရဲ့ အန်ဗတ်တွေပေနေတဲ့ပခုံးကိုသုတ်ပြီး လူမှန်းမသိတော့အောင်မူးနေတဲ့ Jin ကို ချီကာ ဆိုင်ထဲကထွက်လာခဲ့တယ်

လူမှန်းမသိအောင်မူးနေ၍ အိမ်လည်းမေးလို့မရ နာမည်လေးမေးတာတောင်မဖြေတဲ့အတွက် သူ့အိမ်ကိုပဲခေါ်လာလိုက်တော့သည်

Yoongi အိမ် Jin ရောက်တော့ ဆိုဖာလေးပေါ်မှာခွေခွေလေးအိပ်နေသော်လည်း အခုချိန်ထိမနိုးသေး၍ ဘာမှမေးခန်းမရောက်သေး

Yoongi ဘဝက သူ့အိမ်မှာလည်းပေးသိပ်ရ အထိူးလည်းခံရပေမဲ့ အနည်းဆုံးပိုးစုန်းကြူးလေးကို ပြန်ရှာတွေ့တဲ့အတွက်စိတ်ကြည်နေသည် တော်ရုံဆိုစိတ်မရှည်တတ်တဲ့သူက ထိုလူနိုးလာရင်သောက်လို့ သံပုရာရည်ပါအသင့် ဒါပေမဲ့ အကောင်ပေါက်လေးမှာတော့မလှုပ်မယှက်အိပ်နေစဲပင်ဖြစ်သည်

ယွန်းဂီ ဂျင်အိပ်နေတဲ့ Sofa လေးရှေ့ထိူင်ပြီးစောင့်နေရတာပျင်းလာတာနဲ့ သူသီချင်းရေးနေကျ Guitar လေးနဲ့ သီချင်းစာအူပ်လေးကိူယူပြီး သီချင်းစပ်ဖို့ပြင်လိုက်တော့သည်

" သူမသိတုန်း ဒီလိုရေးလို့ကောင်းပါ့မလား ''

" ဘယ်လိုပဲဖြစ်ဖြစ် သူငါ့ပေါ်မှာအန်ချထားတာပဲ ဒီသီချင်းလေးရေးတာဘာအပြစ်များရှိမှာမို့လို့လဲ ''

Yoongi တစိမ့်စိမ့်ကြည့်ရင်း တယောက်သောသူရဲ့အလှကိုကာရန်တခုချင်းစီ ဖွဲ့ထားသလို မရိုးအီနိုင်တဲ့အရာတွေကို တထပ်ချင်းတွေ့နေရသည်

သူ့မျက်ဝန်းတွေကို သမင်မျက်လုံးဟုဆိုရလျှင်လည်း သမင်တွေရဲ့မျက်လုံးက သူ့လောက်များလှနိုင်လို့လား
စင်ယော်မျက်ခုံးလို့ဆိုရရင်တောင် စင်ယော်တွေပျံရင် ငေးကြည့်နေရတာထက် သူ့ကိုငေးကြည့်ရတာ ပိုပြီးရင်သက်ရှုမောစရာဖြစ်သည်

51972 || NamYoonJinWhere stories live. Discover now