(၃) where's my vrownie

Start from the beginning
                                    

အညိုရောင်တွေကို သဘောကျတယ်။
မက်မောတယ်။ နှစ်သက်တယ်။
ကိုယ့်ဂျွန်ငယ် .. ကိုယ့်ရဲ့ အညိုရောင်လေး။
ကိုယ်မင်းကို မြတ်နိုးတယ်။

လွန်လေခဲ့ပြီးသော တစ်ဆယ့်ခြောက်နှစ်။
ထိုနေ့က စံအိမ်ကြီးဆီသို့ ဂျွန်ငယ်စရောက်သောနေ့ပင်ဖြစ်သည်။ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခြင်းကြောင့် အဖိုး၊အဖွားများမှ ခေါ်ယူမွေးစားရ၏။

စံအိမ်သို့ အူကြောင်ကြောင်လေးရောက်ရှိလာသော ဂျွန်ငယ်သည် ငါးနှစ်သားအရွယ်သာရှိသေးသည်။ မျက်လုံးဝိုင်းဝိုင်း၊ ခပ်ပွပွနှာခေါင်းလေးနှင့် ဂျွန်ငယ်ဟာ အအေးဓာတ်သိပ်မခံနိုင်သူမို့ ဘယ်အချိန်ကြည့်ကြည့် ကောက်ညှင်းထုပ်လေးလို။ ဖွားဂျူချုပ်ပေးသည့် သိုးမွေးအနွေးထည်အထူကြီးဝတ်ကာ ပတ်ပြေးဆော့ကစားနေတတ်၏။

တစ်နေ့တာဟာ ဘယ်လိုပဲအကျည်းတန်တန်ပါ၊ ဂျွန်ငယ့်မျက်နှာလေးကို မြင်လိုက်ရလျှင်ဖြင့် စိတ်ပင်ပန်းမှုဟာ ပန်းပင်လေးအသွင် ပြောင်းသွားကြ၏။ လသာဆောင်၌ရပ်နေသော်လည်း ခြံဝင်းထဲမှ ဂျွန်ငယ့်ရယ်မောသံသဲ့သဲ့လေးများကို အတိုင်းသားကြားရသည်။ ထိုအခါ ခံစားရသမျှ ဝမ်းနည်းမှုတို့ဟာ တိမ်လေးလိုလွှင့်မြောသွားကြ၏။

ငါးနှစ်အရွယ်ကလေးငယ်သည် တစ်ဆယ့်သုံးနှစ်အရွယ် ကောင်လေးငယ်အတွက် စိတ်အင်အားလေးတစ်ခုဖြစ်ခဲ့လေရဲ့ ~

သခင်ကြီးနှင့် သူ့မိတ်ဆွေနှစ်ယောက် အလုပ်ကိစ္စဖြင့် မြို့သို့ သုံးရက်တိတိသွားသည်မို့ ကျွန်တော်အနေချောင်လေပြီ။ လသာဆောင်တွင်လည်း ငုတ်တုပ်ထိုင်စောင့်နေစရာမလို။ ထို့ကြောင့် ယခင်ကလုပ်နေကြအတိုင်း အနောက်တောင်ကုန်းဘက်၌ သိုးကျောင်းဖြစ်သည်။

" မြေးငယ် "

" ဖွားဂျူ ဘာကိစ္စရှိလို့လဲ "

" ညနေကျရင် မိသားစုဓာတ်ပုံရိုက်ဖို့ရှိတယ်လေကွယ်။ အခုထိ ရေမချိုးသေးဘူးလား "

" အာ ဟုတ်သားပဲ "

မိသားစုဓာတ်ပုံရိုက်ခြင်းသည် အစဉ်အလာတစ်ခုလိုဖြစ်နေ၏။ တစ်နှစ်တစ်ခါမဖြစ်မနေရိုက်ရလေသည်။ ဒါဟာ သခင်ကြီးချမှတ်ထားသော အမိန့်ဟုလည်း သိထားရ၏။ ဘာကိစ္စကြောင့်မှန်းမသိ ဓာတ်ပုံရိုက်တိုင်း ကျွန်တော်တို့မြေးအဖိုးကိုသာရိုက်သည်။ မိသားစုပုံဟုသာပြောတာ ဖွားဂျူကိုခေါ်မရိုက်ပေ။

Where's my (b) vrownie Where stories live. Discover now