Chapter « 15 » [Arc 5 Final]

632 72 5
                                    


Chapter «15»
(စုန့်ရွှမ်းယွမ်ရဲ့မျက်လုံးတွေက ရွှင်မြူးရိပ်တွေနဲ့ ပြည့်နှက်သွားယ်။)

စစ်သူကြီးကျန့်က မင်းသားကို ဥပဒေ ချိုးဖောက်မှုနဲ့ ကိုယ်ကျင့်တရား ကျင့်ဝတ် ဆိုးရွားမှုတို့ကြောင့် အရှေ့နန်းတော်နဲ့ မထိုက်တန်ကြောင်း စွဲချက်တင်လိုက်ချိန်၌ မနက်ခင်း ညီလာခံကတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့တယ်။

အမတ်တွေက ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်သွားကြပေမယ့် စစ်သူကြီးကျန့်က အမတ်တွေရဲ့ မျက်လုံးကို ဖိအားပေးဖွင့်ပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ့် သက်ဆိုင်ရာ သက်သေတွေကိုပါ တင်သွင်းနိုင်ခဲ့တယ်။

ဧကရာဇ်က ဒေါသထွက်သွားပြီး မင်းသားကို သူ့ရာထူးမှ တိုက်ရိုက် ထုတ်ပယ်ပစ်ခဲ့တယ်။ မနက်ခင်းညီလာခံကတော့ ကစားပွဲကြီးလိုဖြစ်သွားပြီး အမတ်များ သူတို့အိမ်ပြန်ရောက်သည်ထိအောင်ကို ကြောက်ရွံ့သွားစေနိုင်ခဲ့တယ်။

ဧကရာဇ် မလုပ်သင့်ဆုံးလို့ သတ်မှတ်ထားတဲ့အရာက အတွင်းပိုင်း ပဋိပက္ခဖြစ်တယ်။ သူလုပ်ခဲ့တဲ့ အရာတွေ ဖော်ထုတ်ခံလိုက်ရတာနဲ့ အိမ်ရှေ့စံမင်းသားက တိုက်ရိုက် အကျယ်ချုပ်ကျသွားပြီး ဧကရာဇ်ခွင့်ပြုချက်မရှိဘဲ မထွက်လာနိုင်တော့ပေ။

မုန်တိုင်းအလယျက စစ်သူကြီးကျန့်ကသာ ကစားပွဲမှာ အတည်ငြိမ်ဆုံးသူဖြစ်တယ်။ ဧကရာဇ် ဒေါသတကြီး ပစ္စည်းတွေကို ကောက်ပေါက်နေတာရော မင်းသားရဲ့ မုန်းတီးမှုအပြည့်နဲ့ အကြည့်ကိုရော အရာအားလုံးကို တိတ်တဆိတ်လက်ခံခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်က သူ့ကို အင်ပါယာ စာကြည့်ခန်းကို လိုက်ခိုင်းခဲ့ချိန်မှာတော့ သူ့ကြည့်ရတာ တုံ့ဆိုင်းသွားပုံပင်။

ဧကရာဇ် ဒီကိစ္စတွေကို အရင်ကတည်းက သိပြီးသားဖြစ်ပြီး ဒေါသလည်းပေါက်ကွဲပြီးသားဖြစ်တယ်။ ဒီနေ့က သရုပ်ဆောင်ရုံသာဖြစ်တယ်။ သူက အင်ပါယာ စာကြည့်ခန်းထဲကို ဝင်ရင်း ကျန့်ရှောင်ဇီကိုတောင် ဟာသလုပ်လိုက်သေးတယ်။ “ အင်ပါယာ စာကြည့်ခန်းထဲ ခေါ်တာတောင် မျက်နှာက မကျေနပ်တာပေါ်နေပြီ နောက်ကျ မနက်ခင်း ညီလာခံတောင် တက်ပါဦးမလား။”

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now