Chapter «9»

1.1K 209 11
                                    

Chapter «9»
( ဘယ်လိုလုပ်ပြီး ဒီမှာ တိတ်ဆိတ်နေတဲ့ လေဆိပ်‌ရှိနေတာလဲ။)

Zergလှိုင်း၊ Zergတွေက အရပ်မျက်နှာ အားလုံးကနေ ထွက်လာကြပြီး ကောင်းကင်ကို စွန်းထင်းပြီး ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည်ထိပင်။ မျက်စိရောက်နိုင်တဲ့ ဘယ်နေရာမဆို အဲ့ဒီ့ ရွံ့ရှာစရာ အင်းဆက်တွေနဲ့ချည်း။

ထို‌ငွေရောင် mechaက လက်တစ်ဖက်မှာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး တစ်ဖက်မှာ အမှုန်မွှား သေနတ်( particle gun)ကို ကိုင်ဆောင်ထားတယ်။

တစ်ချက် ခုတ်လိုက်တာနဲ့  zergတွေ အားလုံး ကွဲထွက်သွားတယ်။ တစ်ချက်ရမ်းလိုက်တာနဲ့ သူ့တိုက်ခိုက်မှု ပတ်လည်ရှိ သက်ရှိ‌တွေ ဘာလှုပ်ရှားမှုမှ မရှိတော့ပေ။

သူက မှောင်မိုက်နေတဲ့ စကြဝဠာထဲမှာ အတောက်ပဆုံးအရာဖြစ်ပြီး zergလိုင်းရဲ့ အလယ်မှာတောင်မှ အတောက်ပဆုံးပင်။ သူ့ရဲ့ တာဝန်က သူတို့ကို ထိန်းထားရတာထက်ပိုတယ်။

မြင်ကွင်းကို ဖော်ပြရမယ်ဆို အနီးစပ်ဆုံး ' လူတစ်ယောက်ကို သတ်ဖို့ ဆယ်လှမ်း။ သူ့ခရီးလမ်း ဘယ်သူမှ မတားဆီးနိုင်' ဆိုသလိုမျိုး သဘာဝကျကာ မတားဆီးနိုင်တဲ့ ပုံရိပ်မျိုးပင်။ သူ့ရဲ့ ပုံသဏ္ဍာန်လေးက အလွန်လှပပြီး သူ့ရဲ့ သာလွန်တဲ့ ဝိညာဉ်ခွန်အားကြောင့်လား ဆိုတာတော့ မသိပေမယ့် သူရဲ့ တစ်ချက်ချင်းစီနဲ့ လှုပ်ရှားမှုတိုင်းက ချီးကျူးလောက်စရာပဲ။ ဒီလှုပ်ရှားမှုတွေက Zergတွေက ဘာမှမဟုတ်သလိုကို သတ်ဖြတ်နေကြပြီး သူ့လုပ်ချင်သရွေ့ ဘယ်ကျွမ်းကျင်တဲ့လှုပ်ရှားမှုကို ဆိုလုပ်နိုင်တယ်။

အားလုံးက ဝေါရမ်ရဲ့ လေ့ကျင့်ပေးမှုရဲ့ ကျေးဇူးတွေပဲဖြစ်တယ်။ သူ့ညီလေးရဲ့ ထိုးထွင်းဉာဏ်က အရမ်းမြင့်ပြီး သူက တကယ့် အသတ်အဖြတ်စက်ကြီးဆိုတာ သူဘယ်တုန်းကမှ မတွေးခဲ့ဘူးပေမယ့် သူအသေအချာပြောနိုင်တာ တစ်ခုကတော့ မင်းသားက သူနဲ့ လုံးဝကို မလိုက်ဖက်ဘူးဆိုတာပဲ။ သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ရွှယ့်လင်က mechaမောင်းနှင်းခြင်းကို ကျွမ်းကျင်သွားတာနဲ့ မင်းသားကိုတောင် နိုင်နိုင်တယ်ဆိုတာပဲ။ မင်းသားက သူ့ကို ရပ်တန့်သွားသည်ထိတော့ တိုက်ခိုက်နိုင်ပေမယ့် သေချာပေါက်ကို သူ့ကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now