Chapter « 5 »

Depuis le début
                                    

သူကတစ်ဖက်လူရဲ့ ပျက်ရယ်ပြုစကားတွေနဲ့ပဲ မောင်းထုတ်ခံနေရပြီး အမျိုးသမီးလေးရဲ့ အခန်းထဲကို နောက်တစ်ကြိမ်မဝင်ရတော့ဘူးလေ။ သူတို့ စစ်သူကြီးအိမ်ကိုလည်း ဒီအတိုင်းသာပြန်ရရင် ဒီနေ့အတွင်းမှာ သူ့ဇနီးကို နောက်တစ်ကြိမ်ထပ်မြင်ရပါတော့မလားတောင် မသိတော့ဘူး။

စစ်သူကြီးကတော့ သူမကို ခေါ်နိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်နေလေရဲ့။

ရွှယ့်လင်က အစားဂျီးများတဲ့သူမဟုတ်ပေမယ့် အခွင့်အရေးပေါ်လာပြီးဆို ဘဝကို ပိုပြီးပျော်ပျော်နေရမယ်လို့ စည်းမျဉ်းချထားတယ်လေ။ ကျန့်ရှောင်ဇီက မြို့တော်ရဲ့ အကောင်းဆုံး စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခန်းလုပ်ခိုင်းလိုက်တယ်။ အခုချိန်က နေ့လည်စာစားချိန်ဖြစ်နေပြီး အပို သီးသန့်ခန်းမရှိဘူးဆိုရင်တောင်မှ စားသောက်ဆိုင်က သူတို့အတွက် တစ်ခန်းရအောင် လုပ်ပေးလိမ့်မယ်။

ဒါက ကျန့်ကော်စစ်သူကြီးနဲ့ တော်ဝင်မင်းသမီးလေ။

ရထားလှည်းက စားသောက်ဆိုင်ကို ရောက်တော့ တာဝန်ခံက တံခါးအပြင်ဘက်မှာတောင်ရှိနေပြီဖြစ်တယ်။ ကျန့်ရှောင်ဇီက ဆင်းပြီးပြီးချင်း ရွှယ့်လင်ကို ထိန်းပေးဖို့ နှေးချလိုက်တာကို မြင်တော့ သူလည်း မနေနိုင်ဘဲ စစ်သူကြီးရဲ့ တော်ဝင်မင်းသမီးအပေါ် နှစ်သက်မှုကြောင့် သက်ပြင်းချမိသွားတယ်။

ရွှယ့်လင်က သူ့ပုံစံကို ဖုံးမနေပေမယ့် ဖြတ်သွားဖြတ်လာတွေက သူ့ကို တိုက်ရိုက်မကြည့်ဝံ့ပေ။ သူတို့ အပေါ်ထပ်ကို တက်တာနဲ့ လူတွေက အတင်းပြောကြတော့တယ်။ ဒါက လွန်ခဲ့တဲ့ ရက်တွေတုန်းက အကြီးကျယ်ဆုံးကျင်းပခဲ့တဲ့ လက်ထပ်ပွဲကြီးက ဇနီးမောင်နှံအသစ်ပေါ့။ သေချာပေါက်ကို အရည်အချင်းရှိတဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီးလေးပေါ့။ သူတို့က အဖက်ဖက်ကနေ လိုက်ဘက်ညီကြတာပဲ။

စားသောက်ဆိုင်က ဒီမြင့်မြတ်တဲ့ ဧည့်သည်တော်တွေကို အကြာကြီး မစောင့်ခိုင်းရဲပေ။ သူတို့ သီးသန့်ခန်းကို ရောက်ရောက်ချင်းပဲ ဟင်းပွဲတွေအားလုံးက အဆင်သင့်ဖြစ်သွားပြီး စားပွဲထိုးတွေက တည်ခင်းတော့တယ်။ ရွှယ့်လင်ရဲ့ အကြည့်က ဟင်းပွဲတွေပေါ်မှာ ဖြတ်သွားပြီး သူ့အေးစက်တဲ့ အမူအရာက အနည်းငယ်အရည်ပျော်ကျသွားပြီး ဒါက ကျန့်ရှောင်ဇီကို အသေအချာကို စိတ်လှုပ်ရှားသွားစေတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Où les histoires vivent. Découvrez maintenant