"မင်းကိုလည်း အခုမ​တောင်းပါဘူး မင်းကြိုက်တဲ့​ကောင်မ​လေးနဲ့ မင်းကြိုက်တာ တစ်ခါလုပ်ပြီးမှ ငါ့​ပေး​ရမှာ ဘယ်လိုလဲ"
"တစ်ခါလည်း တန်တယ်ဗျာ ဒီမျက်နှာနဲ့ဆို တစ်ခါ​တောင်လုပ်ရမှာမဟုတ်ဘူး ကဲ လဲတယ်ဗျာ"
"ဒါဆို ပိတ်ကားအဖြူ​နောက်သွား​လေ​တော့"

မြူခိုးများထွက်လာကာ ဆိုင်းသံဝိုင်းသံတို့က ပရိသတ်တို့ရဲ့ အာရုံအား စွဲ​ဆောင်လျက်ရှိသည်။ ဘိုး​တော်ရဲ့ နှုတ်ခမ်းမှလည်း ပွစိပွစိများ ရွတ်ဆိုပြီး​နောက် ထွက်​ပေါ်လာ​သောပိတ်ကားအဖြူ​နောက်မှလူ​ကြောင့် ပရိသတ်အားလုံး ​အော်ဟစ်ကုန်ကြ​တော့သည်။

"အား!!!!! ဥက္ကာဦး!!!!"
ဧကရီဦးမှာလည်း ပရိသတ်​အော်သံ​ကြောင့် စင်​ပေါ်ကိုကြည့်လိုက်ရာ ထိုသူမှထိုသူဖြစ်​နေ​လေသည်။
ပိတ်ကားဖြူ​​​နောက်ကထွက်လာပြီး​နောက် ပရိတ်သတ်အားကြည့်ရင်း ပြုံးပြလို့​နေသည်။

"ပြုံးမ​နေနဲ့ လာ မင်းသမီးဆီသွားမယ် ခုနနည်းလမ်းမှတ်မိတယ်မလား" လူရွှင်​တော်သူငယ်ချင်းက​မေးလိုက်​သောအခါ ​ခေါင်းငြိမ့်ပြလိုက်သည်။

မင်းသမီး​ရှေ့သွားပြီး လက်တစ်ဖက်က အ​အေးဘူးကိုကိုင်ထားပြီး လက်တစ်ဖက်က နံရံကိုလက်​ထောက်လျက် မျက်နှာချင်းဆိုင်အ​နေအထားဖြင့် စာသားကိုထပ်​ပြောလိုက်သည်။

"ဒီအ​အေးကို​သောက်ရင် မင်းနဲ့ကိုယ်နဲ့တွဲပြီ​နော်~"

ဥက္ကာဦးထိုသို့​ပြောလိုက်သည်နှင့် စင်​အောက်မှ အမျိုးသမီးထုကြီး၏ နှလုံးသားမှာ ရိုက်ခတ်သွားပြီး အသံ​ပေါင်းစုံထွက်လာ​တော့သည်။

"ဟာကွာ ငါအငြိမ့်အကသင်ပြီး မင်းသမီးလုပ်ရမှာ"
"အာ!!!!ဟယ် ဘယ်လို​လေးလဲဟယ်"
"ကျွန်မလည်း အ​ပြောခံချင်တယ်​လေလို့"
"ကျွန်မလည်း တွဲချင်တယ်​လေလို့"
စသည်ဖြင့် ဆူညံကုန်​တော့သည်။ မင်းသမီးမှာလည်း ဒီတစ်​ခေါက်တွင်​တော့ အ​အေးကို တစ်စက်မကျန်​မော့ချလိုက်​​လေသည်။

ထိုအခါ လူရွှင်​တော်​တစ်​ယောက်က​ပြော​လေ​တော့သည်။ ​

"အောက်ကတက္ကသိုလ်အမျိုးသားထုကြီး​ရေ ဒါဘာကို​ပြောချင်တာလဲသိလား"

"ဖွင့်​ပြောတာချင်း တစ်ပုံစံတည်းတူတာ​တောင် ကိုယ်ကအငြင်းခံရပြီး သူကြိုက်ချင်တဲ့သူကျ တစ်ခါတည်းနဲ့တန်းကြိုက်တယ်ဆိုတာပဲ
​နော်
အဲ့​တော့ အငြင်းခံရရင်​လေ ထပ်ကြိုးစားတာ​တွေဘာ​တွေလုပ်မ​​နေနဲ့ သိလား ဟိုကမင်းကိုမကြိုက်ဘူး ဘာလို့လဲဆို မင်းဖြစ်​နေလို့ကိုမကြိုက်တာ"
ဟုဆိုလိုက်​ရော
​အောက်ကပရိသတ်များ ရီ​မောကုန်ကြ​တော့သည်။

မိမိလည်း ပြက်လုံးကိုအာရုံ​​ရောက်​နေသဖြင့် ​ဘေးတွင်လူ​ရောက်​နေသည်ကိုပင် သတိမထားမိ။
ပြက်လုံးအပြီး မင်းသမီး က​တော့မှ​ဘေးကိုတစ်ချက်ကြည့်မိရာ မြင်လိုက်ရသည့် မိမိမျက်လုံးကိုပင် မယုံကြည်နိုင်။ ထိုသူကိုကြည့်​နေတုန်း ထိုသူက စကားဆိုလာသည်။

"မင်္ဂလာပါ ဒီ​နေ့အစီအစဥ်မှူး ပြီး​တော့ king,queen selecion​တွေအတွက် ဒိုင်အဖြစ်တာ၀န်ယူမဲ့ ​မောင်ဥက္ကာဦးလို့​ခေါ်ပါတယ်"

!!!!!!!!!!!!!!!!!!!!

아이돌, 저랑 자요( Idol, sleep with me)Onde histórias criam vida. Descubra agora