"မ​နေ့ကမင်းငါ့ကို​ပြောတယ်​လေ မင်းသမီး​လေး မင်းကိုကြိုက်​အောင်ဘယ်လိုလုပ်ရမလဲဆိုပြီး"
"​အေး ဟုတ်တယ်​လေ မင်းသမီးကဘာကြိုက်တတ်တယ်တဲ့လဲ" ကိုဖိုးပြည့်က ပြန်လည်​ပြောလိုက်သည်။
"မင်းသမီး​လေးက ကိုရီးယားကားအရမ်းကြိုက်တာကွ မင်းကိုရီးယားကထဲကလိုသာဖွင့်​ပြောလိုက် မင်းကို ကြိုက်မှာ"
"ဘယ်လိုလုပ်ရမလဲ ​ပြောပါဦးကွ"
"ဟိုးမှာ အ​အေးဘူး​လေး​တွေ့လား ယူပြီးမင်းသမီး​လေးကိုတိုက်လိုက် မင်းသမီး​လေးက​သောက်ရင် မင်းကဒီလို​ပြောလိုက် အဲ့တာ​သောက်ရင် မင်းနဲ့ကိုယ်နဲ့တွဲပြီ​နော် ဆိုပြီး"
"အမယ် ဟုတ်ပြီ ဟုတ်ပြီ သွားလိုက်ဦးမယ်"
ကိုဖိုးပြည့်က အ​အေးဘူးယူပြီး မင်းသမီးနားသွားကာ မှာတဲ့အတိုင်း​ပြောလိုက်သည်။ မင်းသမီးရဲ့ reactionမှာလည်း ကိုရီးယားကားထဲက အတိုင်းပင်ဟုဆိုရမည်။ ပါးစပ်ထဲ​ရောက်ထား​သော အ​အေးတို့မှာ ကိုဖိုးပြည့်မျက်နှာကိုဖိတ်စင်လျက်။ထို့​နောက်ကိုဖိုးပြည့်က သူငယ်ချင်းလူရွှင်​တော်ထံလာပြီး

"​ဟေ့​ရောင် မင်းသမီး​လေးက ငါ့ကိုရုပ်ဆိုးပြီး အရပ်ပုလို့မကြိုက်ဘူးတဲ့ကွာ"
"ဒါဆို ငါသိတဲ့ဘိုးဘိုးတစ်​ယောက်ဆီသွားပြီး မင်းကိုရုပ်​ချော​အောင်ပြင်ခိုင်းမယ်ကွာ လာ သွားကြမယ်"

လူရွှင်​တော်ထဲကတစ်​ယောက်က ဘိုး​တော်ပုံစံဖမ်းလို့​နေသည်။
"ဘိုးဘိုး​ရေ မင်းသမီး​လေးက သူ့ကိုရုပ်ဆိုးလို့မကြိုက်ဘူးတဲ့ ရုပ်​ချော​အောင်လုပ်​ပေးပါဦးဗျာ"

"ရုပ်​ချောသွားတဲ့တန်​ကြေးအ​နေနဲ့ မင်းငါ့ကိုဘာပြန်​ပေးနိုင်တုန်း လူ​​လေးရဲ့"
"ဘာ​ပေးရင်ရမလဲဗျ"
"မင်းညီ​လေး"
"ကျွန်​တော်က တစ်​ဦးတည်း​သောသားဗျ"
ထိုအခါ လူရွှင်​တော်ဘိုး​တော်ရဲ့အကြည့်က ကိုဖိုးပြည့်ရဲ့ပုဆိုးသို့အကြည့်​ရောက်လာ​​တော့သည်။
ပရိတ်သတ်တို့မှာ ဆိုလိုရင်းကိုသ​​ဘော​ပေါက်ပြီး တဟားဟားရီ​မောလျက်။

"ကျွန်​တော်ကညီ​လေး​ပေးလိုက်ရင် မင်းသမီးကကျွန်​တော်ကိုပြန်ကြိုက်ရင်​တောင် ကျွန်​တော်နဲ့မင်းသမီးက ဘာမှလုပ်မရ​တော့ဘူး​လေ!!!!"
ထပ်မံရီ​မောကြပြန်သည်။ကြည့်​နေ​သော ဧကရီလည်း ရီ​မောလျက်။

아이돌, 저랑 자요( Idol, sleep with me)Où les histoires vivent. Découvrez maintenant