"ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အစီအစဥ်များကိုဖော်ပြသွားပါမယ် အစီအစဥ်မှူးအနေနဲ့ကတော့ ကျွန်မ မဧကရီဦးနဲ့ ဟောဒီက လူရွှင်တော် ကိုဖိုးပြည့်တို့က တင်ဆက်သွားမှာပါ
ဦးစွာပထမကတော့ ကျောင်းသားကျောင်းသူများရဲ့ ဖျော်ဖြေရေးအစီအစဥ်များနှင့် ပွဲကိုစတင်မှာဖြစ်ပါတယ် ဖျော်ဖြေရေးပဲကြည့်နေရရင် ပရိသတ်တွေလည်း ပျင်းနေမှာစိုးတော့ အငြိမ့်ကိုတော့ ဖျော်ဖြေရေးတစ်ခုပြီးတိုင်း တစ်ခန်းရပ်အနေနဲ့ တင်ဆက်သွားမှာပါ"
"ဟုတ်ပါတယ် ပြီးရင်တော့ king, queen selectionတွေရဲ့ catwalk, ဒိုင်တွေရဲ့ အမေးအဖြေ ကဏ္ဍပြီးရင်တော့ ပရိသတ်တွေမဲပေးနေတဲ့ အတောအတွင်းမှာဆိုရင်........"
"အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုတွေ့မြင်ရမှာပါ နောက်ဆုံးအနေနဲ့ကတော့ ဒီနှစ်ရဲ့ king, queenများကို ကြေညာပြီး ဒီနေ့အစီအစဥ်လေးကို အဆုံးသတ်မှာဖြစ်ပါတယ်ရှင် ဒါဆိုရင် အခုအချိန်ကစပြီး ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးကို စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ရှင်!!!!!!"
စင်အောက်မှ ပရိသတ်များရဲ့ လက်ခုပ်သံများကြောင့် RCထဲတွင်လည်း ဟိန်းတက်လို့နေပေတော့သည်။
အစီအစဥ်တို့၏ ဓလေ့အရ ဦးစွာနတ်တင်ပြီးမှ မြန်မာအက အလှများနှင့်စတင်ခဲ့သည်။ ကပြဖျော်ဖြေနေသော ကျောင်းသူတို့မှာ ယဥ်ယဥ်လေးနှင့်လှနေကြပြီး ပရိသတ်တို့ရဲ့ စိတ်၀င်စားမှုအပြင် အောက်တွင်ထိုင်နေကြသော ပါမောက္ခကြီးတို့ကိုပါ ပီတိဖြာစေခဲ့သည်။ ငြိမ့်ငြိမ့်လေးနှင့် မြန်မာအကအလှများ ပြီးဆုံးသွားသောအခါ ပွဲကိုဆူစေမည့် kpop danceအလှည့်ရောက်လာသည်။ မြန်မာအကပြီးဆုံးတာ မကြာသေးသဖြင့် အငြိမ့်မဖျော်ဖြေသေးခြင်းဖြစ်သည်။ kpop danceဖျော်ဖြေရေးတစ်ဖွဲ့ပြီးနောက်မူ လူရွှင်တော်များ စင်ပေါ်တက်လာပြီဖြစ်သော်လည်း မိမိဘေးက ကိုဖိုးပြည့်မှာမူ အခုထိမသွားသေး။
လူရွှင်တော်အဖွဲ့လည်း မိတ်ဆက်သင့်သည်များ မိတ်ဆက်၊ ခဏတာ ပြက်လုံးများနှင့် ပရိသတ်များအားရီမောစေခဲ့ပြီးနောက် အငြိမ့်မင်းသမီးကိုဖိတ်ခေါ်တော့သည်။ မင်းသမီးထွက်လာပြီးမှ လူရွှင်တော်များက
"မင်းသမီးလေး ခဏနော်"
"ကဲ ရွှေမင်းသမီးလေးကို ကြိုက်နှစ်သက်လှသဖြင့် ယနေ့မင်းသမီးလေးရဲ့ နှလုံးသားကိုယူချင်ပါသည်ဆိုထားသော ဖိုးပြည့်ရေ စင်ပေါ်တက်ခဲ့တော့ဟ"
ဆိုမှသာ ကိုဖိုးပြည့်စင်ပေါ်သို့တက်သွားလေသည်။စင်ပေါ်အရောက် ပြက်လုံးစပေတော့သည်။
KAMU SEDANG MEMBACA
아이돌, 저랑 자요( Idol, sleep with me)
Romansa"idol မီနဲ့အိပ်ရအောင်" ဆိုတဲ့ ဒီficလေးမှာ crushနဲ့အိပ်ရဖို့ ကောင်မလေးတစ်ယောက် ဘယ်လိုတွေမူရအကြောင်းဖန်လာမလဲ.... မထင်မှတ်ဘဲ တစ်ညအိပ်မိသွားတဲ့အခါ crushနဲ့ကောင်မလေးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ......
part-3
Mulai dari awal
