3 - KIC 9832227

3.6K 422 18
                                    

#LightYearsAway #3 

ရာသီဥတုက ခပ်အေးအေးဖြစ်နေသဖြင့် ဝေယံ အနွေးအင်္ကျီတစ်ထပ်ဝတ်လိုက်ပြီးမှ အဆောင်ကနေ ထွက်လာခဲ့သည်။ ရွက်ကြွေများရှိသောလမ်းကို ဖြတ်ရဦးမည်ဟု တွေးမိတော့ စိတ်အနှောင့်အယှက်ဖြစ် သွားရသော်လည်း မတတ်နိုင်။ ထိုလမ်းမှမဖြတ်လျှင်လည်း တကွေ့တပတ်ဖြင့် အချိန်ပိုကုန်သည်။ ကျောင်းဝန်းထဲမှ လူများက ရွက်ကြွေလမ်းကိုပင် တကူးတက လာလျှောက်ကြကြောင်းတွေ့ရသဖြင့် သူအံ့သြမိသေး၏။ အပင်က အရွက်ကြွေတာ ဘာထူးဆန်းသလဲ၊ အဲဒီရွက်ကြွေတွေကို ဖြတ်လျှောက်ရ သည်က ဘာများဆန်းသလဲ။ တွေးရင်း နှာခေါင်းရှုံ့ရင်းဖြင့် ကျောင်းဝန်းထဲမှ ဆရာများ၏ အဆောင်ကို ရောက်လာခဲ့တော့ ဆရာနော့် အခန်းကိုတစ်ချက်ရှာလိုက်၏။

တံခါးပင်မခေါက်ရသေး၊ ဆရာနော်က တံခါးလာဖွင့်သည်။

"လာကွာ ဝေယံ။ ဘယ်လိုလဲ။ ဒီမှာ အသားကျပြီလား"

ဆရာက ပြောပြောဆိုဆိုနှင့် တဟားဟားရယ်သည်။ သူလည်းပြုံးလိုက်မိ၏။ ဆရာနော်သည် သူ့ဘဝတွင် ပထမဆုံးအထင်ကြီးဖူးသော ပညာရှင်ဖြစ်သည်။ ကချင်ပြည်နယ်သို့ ရောက်ခါစက မိဘများကို စိတ်ဆိုးခဲ့ ရသလောက် ကချင်ပြည်နယ်၏ စီမံကိန်းတစ်ခုကိုအကြံပေးအဖြစ်လာသည့် ဆရာနော်နှင့် တွေ့ဆုံခဲ့ရ၍ သူ့ဘဝတွင် ရည်မှန်းချက်များပိုထင်ရှားလာခြင်းဖြစ်သည်။ ဝေယံခ၏ ကြီးကျယ်သော အိပ်မက်များက ဆရာနော့် ရုံးခန်းရှိစာအုပ်စင်မှလာသည်လေ။

"အရင်နေရာမှာ အသားကျမယ်ကြံပြီးမှ ထပ်ပြောင်းလာရတော့ တစ်မျိုးပဲ ဆရာ"

"အေးကွာ။ အစကဒီမှာပဲ preparation တန်းလုပ်ခိုင်းမလို့။ ဒါပေမဲ့ ရောက်ခါစကတော့ မြန်မာ မိသားစုရှိတဲ့ မေရီလန်းမှာပဲ တက်လည်း မဆိုးဘူးလို့တွေးမိတာနဲ့ ထားလိုက်တာ။ ဘာပဲဖြစ်ဖြစ် အရင်နှစ် က မင်းဒီကိုရောက်ရင် ငါလည်း တခြားမြို့ရောက်နေဦးမှာနဲ့"

ဆရာက ရေနွေးတစ်ခွက်ထည့်ပေးပြီး ကိုယ်တိုင်လည်းသောက်သည်။ ဆရာက ရိုးရာလက်ဖက်ခြောက် ကို အလွန်နှစ်သက်တတ်သော်လည်း နိုင်ငံခြားတွင်တော့ တရုတ်လက်ဖက်ခြောက်သာ ခပ်ရကြောင်း ပြောဖူးသည်ကိုသတိရမိသည်။

Light-Years AwayWhere stories live. Discover now