သူ့ အနားဝယ် ဆတ်နွယ်ထက် အဆပေါင်းများစွာ လှပသည့် လိပ်ပြာလေးတွေ ဝဲပျံနေသော်လည်း ဆတ်နွယ် မှ မဟုတ်ရင် အားလုံးဟာ ဖွဲ နဲ့ စကွဲသာ။

တရားသူကြီးလေးကို မှန်သော မေတ္တာစစ်နဲ့ ချစ်မိလေ၏။ရှိုင်းမိုဟန် အချစ်က အနူတောထဲက ပေါက်လာတဲ့ ကြာပန်းလို။

သူ့ ဘဝမှာ ပုံပန်းပန်းပျက် စိတ်ရောဂါ ရနေတာ ဒါ ပထမဆုံး ဖြစ်သည်။

သူ တော့ မသေခင်ကတည်းက ဝဋ်လည်လေပြီ။

ရှိုင်းမိုဟန်က မြာ အလွန်ပွေသည်။
မချစ်ဘူး ဆိုလည်း လှည့်မကြည့်။ချစ်ပြီ ဆိုလည်း ပိုင်ဆိုင်ရမှ ကျေနပ်တဲ့ ဒဿဂရီလိုကောင်။

ရှိုင်းမိုဟန်က ခေါင်းကို လက်သန်း နဲ့ ကုတ်လိုက်သည်။ဆတ်နွယ် ကို ရှိုင်းမိုဟန် မရ ရအောင် ယူမည်။

ဆတ်နွယ် ကို ရဖို့ သူ အားလုံးကို စွန့်လွှတ်နိုင်သည်။အေးချမ်းလှတဲ့ မျက်နှာတော်လေး ကို နေ့တိုင်း ဖူးမြော်ရဖို့သာ အဓိက ကျ၏။

"Boss"

"ငါ တံခါး ခေါက်ဖို့ ပြောထားတယ်လေ . . . စောက်နားက မင်း မေ သားအိမ်ထဲမှာ ကျန်ခဲ့တာလား"

"တောင်း. . . တောင်း. . . တောင်း . . . ပန်ပါတယ် Boss . . . ကျွန်တော် Bossရဲ့ အနာဂတ် အမျိုးသားလောင်းလေးရဲ့ကိုယ်ရေးအကျဉ်း ရပါပြီ လို့ လာပြောတာပါ . . ."

ကတုံး ဆံပင်ပေါက်နဲ့ ထွားထွားကျိုင်းကျိုင်း ဗလကြီးက ခေါင်းငုံ့ကာ တုန်တုန်ယင်ယင် ပြောသည်။Boss မျက်တော်ပြေသွားအောင် အနာဂတ် အမျိုးသားလောင်းလေး ဆိုတဲ့ စကားကို တမင်ထည့်ကာ ဖိပြောလိုက်သည်။

"ဪ . . . ငါ့ကောင်တွေက တော်လိုက်တာ. . . ပေး ပေး . . .  ဒါနဲ့ မင်းတို့ ကောင်တွေ ဒါလေး စုံစမ်းတာ ဘာလို့ ဒီလောက်ကြာနေတာလဲ. . .သွက်သွက် လက်လက်ကို မရှိဘူး. . . "

'ကြာနေတဲ့ အကြောင်းရင်းကို Boss စာရွက်ကို လှန်ကြည့်ရင် သိပါလိမ့်မယ်' ။ ထို စကားကို ကိုဗလက စိတ်ထဲမှာသာ ပြောလိုက်၏။အပြင်မှာတော့ သူ မပြောရဲပေါင်။

"ဘာ!!. . .ဘုန်းဆတ်နွယ်က နောင်ဘုန်းသိုက် ရဲ့ သား !!! ငါ ိုး မ ပဲ. .  ငါတော့ ခွေးဖြစ်ပြီ. . . "

'LOTUS KILLER' {Ongoing}Where stories live. Discover now