*no title love ending*

1.3K 66 0
                                    

အချစ်က ရယူပိုင်ဆိုင်ခြင်းပဲ
ရယူပိုင်ဆိုင်ခြင်းမရှိရင် အချစ်တခုက ဘယ်လိုလုပ်ပြီး ပြည့်စုံနိုင်မှာလဲ
လူတ‌‌ယောက်ကို တကယ်ချစ်ရင် ရယူပိုင်ဆိုင်ရဲတဲ့ သတ္တိရှိသင့်တယ်
တကယ့်အချစ်စစ်က ငါတို့ကို ရဲရင့်စေတယ်

"ဥက္ကာနဲ့ လက်ထပ်.."
"ဘာ!
နင်က ဥက္ကာနဲ့ လက်ထပ်မယ်
ဟုတ်လား ရာ"
"နေဦး
ဘာ‌တွေ ဒီလောက်လောနေတာလဲ
ငါပြောချင်တာက ဥက္ကာနဲ့ သူ့ကောင်လေးလက်ထပ်ပွဲမှာ ငါ့ကို သေချာပေါက်လာရမယ်ဆိုပြီး ပြောထားလို့ နင်နဲ့အတူ ကနေဒါကို သွားရမယ် အဲ့တာပြောမလို့
ဘယ်လိုကြောင့် ငါ့စကားကို ဖြတ်ပြောရတာလဲ"
"အဲ့လိုလား"
"အဲ့လိုပေါ့
ငါက နင့်ကို ပစ်ထားနိုင်မယ်ထင်လို့လား"
"ဟီး..မထင်ပါဘူး"
"နင် ငါ့ကို မယုံဘူးပဲ ရီနာ"
"မဟုတ်ပါဘူး baby ကလည်း
ငါက နင်ပြောတဲ့စကားတိုင်းကို ယုံတယ်လေ
နင်က ဥက္ကာနဲ့ လက်ထပ်လို့ ပြောလိုက်တာကိုး"
"နည်းနည်းလေး စောင့်လိုက်လို့ရတယ်လေ
ငါ တကယ်ပြောချင်တာ ဘာလဲသိရအောင်"
"တောင်းပန်ပါတယ် ‌baby ကလည်း
နောက်ဆို သေချာနားထောင်မယ်လေနော်"
"ပြီးတာပဲ"
"ဒါနဲ့လေ
ငါတို့လည်း ကနေဒါသွားရင်ကောင်းမလား
အဲ့ဆီမှာက ငါတို့အတွက် ပိုလွတ်လပ်တယ်"

ရီနာက ကျမလက်မောင်းကို တွဲပြီး ဘေးကနေ ကပ်ထိုင်နေတယ်
ကျမ သူ့လက်ပေါ် ထပ်ကိုင်လိုက်ပြီး

"ငါတော့ မနေချင်ပါဘူး
နင်နဲ့အတူ လျှောက်ခဲ့ဖူးတဲ့ ဒီမြစ်ကမ်းဘေးကလမ်းတွေ တောင်ကုန်းထိပ်က ငါတို့ရဲ့နေရာလေး
ပြီးတော့ ငါတို့ ပန်းပင်တွေ သွားကြည့်နေကျ
တောအုပ်လေးကိုရော
တောင်ကုန်းလေးရဲ့ အလွန်မှာရှိတဲ့ တောင်တန်းတွေကိုရော ငါမထားခဲ့နိုင်ဘူး ရီနာ
ဒါက ငါ့ရဲ့မွေးရပ်မြေလည်း ဖြစ်သလို ငါ့အတွက် favorite place လည်း ဖြစ်တယ်
ပြီးတော့ ငါတို့က ရှောင်ပြေးစရာမလိုဘူးလေ ရီနာ
အပြစ်ပြောတဲ့သူတွေကတော့ ပြောနေကြမှာပဲ
ငါတို့ အဲ့တာတွေကို ဂရုစိုက်စရာမလိုဘူး
ငါတို့က မှားယွင်းနေတာမဟုတ်လို့
ဒါကြောင့် ငါတို့ရဲ့အချစ်နဲ့ သက်သေပြမယ်
ငါတို့အတွက် နေရာတခုကို ငါတို့ကိုယ်တိုင် ဖန်တီးမယ်
အဲ့တာက မဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ
လောကကြီးမှာ လူဆိုးတွေပဲ ရှိတာမှ မဟုတ်တာ
လူကောင်းတွေက ပိုများပါတယ်
လူတယောက်ရဲ့ဖြစ်တည်မှုဆိုတာက သူ့သဘာဝပဲလေ
ငါတို့က သဘာဝကို ဆန့်ကျင်ပြီး မှားယွင်းနေတာမဟုတ်ဘူး
ဒါကပဲ ငါတို့ရဲ့ သဘာဝလေ
လူတ‌ယောက်မှာက သူ့ရဲ့ကိုယ်ကျင့်သိက္ခာ အကျင့်သီလကပဲ အရေးကြီးဆုံးပါ
ငါတို့က လူကောင်းဖြစ်ချင်မှဖြစ်မယ် ရီနာ
ဒါပေမယ့် ငါတို့ မယုတ်မာဘူး
ငါတို့မှာ အတ္တကြီးနိုင်ရင်တောင်
တခြားသူတွေရဲ့ ပျက်စီးကြောင်းကို ဘယ်တော့မှ မလုပ်ဘူး
လူတိုင်းအတွက် ဂုဏ်ယူချင်မှ ယူနိုင်မယ်
ဒါပေမယ့် မပုတ်ခတ်တတ်ဘူး
ငါတော့ အဲ့လိုမျိုးနဲ့တင် လုံလောက်တယ်ထင်တာပဲ
လောကကြီးထဲကအရာတွေအကုန်လုံးကို ငါတို့ ထမ်းပိုးနေစရာမှမလိုတာ
နင့်အတွက် ငါရှိတယ်
ငါ့အတွက်လည်း နင်ရှိတယ်
အဲ့လောက်လေးပဲ ငါ့အတွက်တော့ လုံလောက်နေပြီ
ကျန်တာတွေ ငါ အဲ့လောက်ထိ ဂရုမစိုက်ဘူး"
"ငါ့အတွက်လည်း နင်ရှိနေရင် ပြည့်စုံပါပြီ ရာ
ငါ နင့်ကို ယုံကြည်တယ်
ပြီးတော့ နင်က ငါ့ကမ္ဘာကြီးပါပဲ"
"ငါ နင့်ကို ချစ်တယ် ရီနာ"
"ငါလည်း နင့်ကို ချစ်တယ် ရာ
ဒါဆို ငါ နင့်ကို နမ်းလို့ရမလား"
"သေချာတာပေါ့"

You've reached the end of published parts.

⏰ Last updated: Dec 12, 2022 ⏰

Add this story to your Library to get notified about new parts!

*no title love*(complete)Where stories live. Discover now