*no title love part 3*

770 48 0
                                    

"ဘာမှမခံစားရဘူးလား ရာ"
"ဟမ်.."
"ငါ နင့်လက်ကို ကိုင်ထားတဲ့အခါ
အခုလိုမျိုး နင့်ကို ဖက်ထားတဲ့အခါ
ငါ နင့်နှုတ်ခမ်းတွေကို နမ်းတဲ့အခါ
နည်းနည်းလေးတောင် စိတ်မလှုပ်ရှားလာဘူးလား"
"ငါ့ဆီက ဘာတွေမျှော်လင့်နေတာလဲ ရီနာ"
"ဒီမှာ ငါ့ရင်ဘတ်ကို ကပ်ကြည့်"

ရီနာက ကျမလက်တဖက်ကို ဆွဲယူလိုက်ပြီး သူမရဲ့ ဝဲဘက်ရင်ဘတ်အောက်နားမှာ ကပ်လိုက်တယ်

"ငါ.."

ဘယ်လောက်ပဲ ရင်းနှီးပါတယ်ဆိုဆို အခုလိုအထိအတွေ့က အနည်းငယ်တော့ awkward ဖြစ်တယ်လေ
ကျမတို့က အခုလိုမျိုး မထိတွေ့ဖူးတာတော့ မဟုတ်ပါဘူး
ကျမတို့ အမြဲလိုလို အတူအိပ်ခဲ့ကြတယ်
ရီနာက အိပ်ရင် ကျမကို အမြဲဖက်ထားတတ်တယ်
အဲ့တာကိုလည်း ကျမမှာ စိတ်ရှုပ်တာမျိုးမရှိခဲ့ဘူး
ကျမက တယောက်တည်းတိတ်ဆိတ်နေရတာကို
ပိုသဘောကျပေမယ့်
ရီနာ ကျမအနားမှာရှိနေတဲ့အခါမှာလည်း စိတ် ရှုပ်တာမျိုးမဖြစ်ခဲ့ဘူး
ကျေနပ်တယ်လို့လည်း မဆိုနိုင်ပါပဲ ဒီအတိုင်း
အကျင့်တခုလို ကျမနဲ့နေသားကျနေတဲ့ အပြုအ မူတွေဖြစ်နေတာကြောင့်လား

"ခံစားမိတယ်မဟုတ်လား ရာ
ငါ့နှလုံးက ပေါက်ထွက်လာတော့မတတ် တအားခုန်နေတာလေ
နင့်နှလုံးကတော့ နည်းနည်းလေးတောင် အခုန်မြန်မလာဘူး"
"မဟုတ်ဘူး ရီနာ
ငါက စိတ်လှုပ်ရှားမလွယ်တာမျိုး မဟုတ်ပေမယ့် အခုလိုမျိုးအခြေအနေမှာ နင့်အတွက် အခုန်မြန်မလာတဲ့ငါ့နှလုံးကို အပြစ်မတင်သင့်ဘူး"
"နင် ဘာပြောချင်တာလဲ ရာ
ငါက အဲ့တာကို အပြစ်တင်တာမဟုတ်ဘူး
ဝမ်းနည်းတာ နာကျင်တာ"
"ဝမ်းမနည်းရပါဘူး
ငါ နင့်ကို ချစ်တယ်လေ ရီနာ
ငါ နင့်ကို သိပ်ချစ်တယ်"
"ငါက နင့်ကောင်မလေးဖြစ်ချင်တာလေ ရာ"
"နင် ဘာလို့ ငါတို့ကြားက အချစ်ကို ခေါင်းစဉ်တပ်ချင်နေရတာလဲ ရီနာ
အဲ့တာတွေနဲ့ ငါမရင်းနှီးတာ နင်သိနေပြီးသားပဲ"
"ငါ နင့်ကို ချစ်တယ်"
"ငါလည်း နင့်ကို ချစ်တယ်လေ ရီနာ
အဲ့ဒီအတွက် နင် ဝမ်းမနည်းသင့်ဘူးမဟုတ်လား"
"ရာ.."
"ဟမ်"
"ငါ့ကို ချစ်သူလို ချစ်ပေးပါလား"
"ငါ နားမလည်ဘူး ရီနာရဲ့
ငါ အဲ့တာကို တကယ်နားမလည်ဘူး"

*no title love*(complete)Dove le storie prendono vita. Scoprilo ora