*no title love part 5*

686 54 0
                                    

အချစ်က..
သူ့အနားမှာနေပြီး ငေးကြည့်နေခွင့်ရခြင်းကပဲ ပြည့်စုံလုံလောက်တဲ့ဖြစ်တည်မှုမျိုး ဖြစ်မယ်ထင်တယ်

ဒီနေ့တော့ ရီနာက ရာ့လက်ကိုတွဲပြီး ကန်တင်းထဲဝင်လာတယ်
အရင်ရက်တွေက သူမဆီမှာ ပျောက်နေခဲ့တဲ့အပြုံးတွေက အခု သူမနှုတ်ခမ်းတွေထက်မှာ
ပြီးတော့ မျက်ဝန်းတွေမှာရော

"ရီနာလေး တအားပျော်နေပါလား
သွားတွေ အေးခဲကုန်တော့မှာပဲ"
"ပျော်တာပေါ့ ဂျိန်းကလည်း"
"သိသာတယ်နော် ရီနာ"
"ဒါပေါ့
ဟုတ်တယ်မလား ရာ"
"ဟင်..အင်း ဟုတ်တာပေါ့"

သူမရဲ့ပျော်ရွှင်ခြင်းက ကျမလား
အင်း..ကျမရဲ့ပျော်ရွှင်ခြင်းကတော့ ရီနာဆိုတာ
သေချာပါတယ်
ဗုဒ္ဓက ဟောခဲ့တယ်
ပျော်ရွှင်ခြင်းဆိုတာက ကိုယ့်ရဲ့အတွင်းစိတ်မှာပဲ
တည်တာပါတဲ့
ကျမ အဲ့တာကို လက်ခံပါတယ်
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းအတွက် တခြားတယောက်ဆီမှာ မှီခိုတာမျိုးလည်း မလုပ်မိဖို့ ကြိုးစားတယ်
ဒါပေမယ့် ရီနာ့ကြောင့်ရတဲ့ ပျော်ရွှင်ခြင်းကိုတော့ ကျမ မငြင်းပယ်နိုင်ဘူး
ကျမရဲ့ပျော်ရွှင်ခြင်းအတွက် သူမကို မှီခိုချင်တယ်
တကယ်တမ်း ရီနာဆိုတဲ့ဖြစ်တည်မှုလေးကပဲ
ကျမကို ပျော်ရွှင်စေတာမျိုးပါ

"ရာ.."
"ဟမ်"
"ငါ့ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ"
"ဘယ်လိုမျိုးလဲ"

ရာက စားပွဲပေါ်မှာ လက်တွေကိုထပ်တင်ထားပြီး
အဲ့ဒီလက်တွေပေါ်မှာ မေးတင်ပြီးတော့ ကျမကို မော့ကြည့်နေတာ
သူမရဲ့နှုတ်ခမ်းတွေက ကွေးညွတ်နေပြီး မျက် ဝန်းတွေကလည်း တောက်ပနေတယ်
ညဦးပိုင်း အရှေ့ဘက်ကောင်းကင်မှာ မြင်နေရတဲ့ ယူရေးနပ်ကြယ်လိုမျိုး

"ချစ်မဝနိုင်ဖြစ်နေတဲ့ နူးညံ့လွန်းတဲ့အကြည့်တွေ
ငါက နင့်ချစ်သူလိုမျိုးလေ"
"ချစ်သူလိုလား.."
"အင်း"
"မပြောတတ်ဘူးလေ"

ရာက ရယ်ပြီး ကျမဆီကနေ သူမရဲ့မျက်ဝန်းတွေကို ဖယ်လိုက်တယ်
မလိုချင်ဘူး..
အဲ့ဒီမျက်ဝန်းတွေက ကျမကိုပဲ ငေးကြည့်နေသင့်တာလေ
ရာ့ရဲ့စိတ်အာရုံက ကျမတယောက်တည်းအတွက်ပဲ ဖြစ်စေချင်တယ်

"ရာ.."

ကျမ ရာ့ပါးပြင်ကို လက်ဖဝါးနဲ့ အုပ်ကိုင်လိုက်တယ်

*no title love*(complete)Where stories live. Discover now