*no title love part 4*

710 52 0
                                    

"ငါ နင့်ကို ဖက်ထားလို့ရမလား ရာ"
"နင် ဘယ်အချိန်က ခွင့်တောင်းတတ်သွားတာလဲ ရီနာ"
"ငါ နင့်ကို လွမ်းတယ်"
"ဟမ်.."
"ငါ့အတွက် အမြဲရှိနေခဲ့တဲ့ နင့်ကို လွမ်းတယ်"
"ငါ နင့်အတွက် အမြဲရှိနေတာပဲလေ ရီနာ"

ငါ့အတွက်လည်း အမြဲရှိစေချင်တယ်
အချစ်ဆိုတာက..
နင်က ငါ့အတွက် အမြဲရှိနေတယ်
ငါကလည်း နင့်အတွက် အမြဲရှိနေတယ်
ဘယ်လို‌အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် အမြဲရှိနေမယ့်လူတယောက်
ကိုယ့်အတွက် အမြဲရှိနေမယ်ဆိုပြီး စိတ်ချလုံခြုံမှု sense of security ကို ပေးနိုင်မယ့်သူကို ပြောတာဆိုရင်
ကျမ ရီနာ့ကို ချစ်တယ်
သူမလိုချင်တဲ့ ချစ်သူတယောက်လိုအချစ်မျိုးနဲ့
ကျမ ရီနာ့ကို ချစ်နေခဲ့ပြီးသားဖြစ်မယ်ထင်တယ်

"ငါ နင့်ကို လွမ်းတယ်လို့"
"ဟမ်.."

ရီနာက ကျမရင်ခွင်ထဲကနေ မကျေနပ်သလို မော့ကြည့်နေပြီး မျက်ခုံးတွေကို တွန့်ချိုးထားတာကြောင့်
သူမရဲ့မျက်ခုံးတွေကို လက်ခလယ်နဲ့လက်ညှိုးသုံးပြီး ဖြေလျှော့ပေးလိုက်တယ်

"မျက်ခုံးတွေကို တွန့်ချိုးမထားပါနဲ့ puppy လေးရဲ့ ငါ နင့်ကို ဖက်ထားပေးပါ့မယ်"
"မုန်းဖို့ကောင်းလိုက်တာ.."
"နင် ငါ့ကို သိပ်ချစ်နေပါတယ် ရီနာရဲ့"
"တအားချမ်းတယ်"
"အင်း..ဆောင်းက သေချာရောက်လာပြီဆိုတော့
အအေးကပိုလာပြီလေ"

ကျမ သူမကို ပိုတိုးပြီး ဖက်လိုက်တယ်
ရီနာက ဘာမှမပြောတော့ပဲ ကျမကိုမော့ကြည့်ပြီး ပြုံးနေတယ်

"နင်မှတ်မိလား ရာ
မနှစ်က ဒီလိုအချိန် ငါတို့ မြစ်ဘေးမှာ လမ်း လျှောက်ခဲ့တုန်းကလေ"
"ငါ့ကိုညာပြီး ကုန်းပိုးခိုင်းခဲ့တဲ့အကြောင်းလား"
"အဲ့လိုမဟုတ်ပါဘူးနော်
ငါက ဒီအတိုင်း ထိုင်ချင်တယ်လို့ပြောတာပါ
နင့်ဘာသာ ငါ့ကို ကုန်းပိုးပါမယ်ပြောတာလေ"
"ဟုတ်ပါပြီ အဲ့တာက ငါ့ဆန္ဒပါ"
"တကယ်လည်း နင့်ဆန္ဒပဲလေ"
"နင်က တကယ် puppy လေးလိုပဲ ရီနာ"

ကျမ ရီနာ့ပါးပြင်တဖက်ကို လက်ဖဝါးနဲ့ ဖွဖွထိတွေ့လိုက်တယ်

"နင့်ရဲ့ puppy လေးလေ
ဒီရနံ့လေးကို လွမ်းနေခဲ့တာ"

ရီနာက ကျမလည်တိုင်ဆီ ပိုတိုးဝင်လာပြီး ခပ်တိုးတိုးရေရွတ်တယ်

*no title love*(complete)Tempat cerita menjadi hidup. Temukan sekarang