ပါးပေါ်မှာ ယုန်ပုံသဏ္ဍာန် ပါးကွက်ကြားနဲ့။ယုန်နားရွက်က တစ်ဖက်ကြီး တစ်ဖက်ရှည်။နှုတ်ခမ်းသေးသေးလေးကို နှုတ်ခမ်းနီရဲရဲတောက်တောက်ကြီးတွေ ဆိုးပေးထားသည်။

ပြီး ကိုးနွယ်က မျက်မှန်မည်းကြီး တပ်ထားသေးသည်။

ခမ်းနော့ဝ် ကိုးနွယ်ကို အဲ့မျက်မှန်မည်းကြီး ဝယ်ပေးလိုက်တာ မှားပြီ ဟု တောင် ထင်မိသည်။

Ocean က ဝယ်လာတာပင်။မျက်မှန်မည်းသေးသေး ပိစိလေးက ချစ်စရာလေးမို့ 'သားငယ် ယူမလား' မေးတော့ အစက မယူချင်တာ လိုလို မူရာပိုနေသည်၊ဝယ်လည်း ပေးလိုက်ရော ဝယ်ပြီး ကတည်းက အိပ်တဲ့ချိန်က လွဲပြီး အဲ့မျက်မှန်မည်းကို ချွတ်ကို မချွတ်တော့ပေ။ဘယ်သွားသွား အမြဲ အဲ့ မျက်မှန်မည်းကို တပ်ထားသည်။ကျောင်းသွားလည်း မျက်မှန်မည်းကြီး တကားကား။

ခမ်းနော့ဝ်မှာ ကိုယ့် သား က ကိုယ့်ထက် အရာရှိမို့ မဝေဖန် လေမကန်ရဲပေ။

ကိုးနွယ်က ခေါင်းယမ်းလိုက်သောအခါ ကြက်တောင်စည်း နှစ်ဖက်က ယိမ်းခါနေသည်။

"ပြန်လာပြီလား"

ကိုးနောင်က MacBookကို အကြည့်မလွှဲဘဲ ‌မေးလေသည်။

ကိုးနောင်ရဲ့ အေးတိအေးစက် မျက်ဝန်းစိမ်းစိမ်းတောက်တောက်တွေ၊အေးစက်တည်တံ့နေတဲ့ မျက်နှာ၊ ထိုအရာများနဲ့ ဆန့်ကျင်စွာ ပါးပေါ်က ပါးကွက်ကြားတွေနဲ့ နဖူးထိပ်တည့်တည့်က ကြက်တောင်စည်း။

ကိုးနောင်က သူ့ပုံစံ သူ ဂရု ပြုမိဟန်မရှိပေ။

ခမ်းနော့ဝ် က ကင်မရာ ဖွင့်ပြီး ကိုးနောင် ရှေ့ထိုးပေးလိုက်တော့ ကိုးနောင်က မျက်လုံးအနည်းငယ် ပြူးသွားသည်။

ပြီး နန်းနွယ်ကို မျက်စောင်းထိုးလိုက်ရင်း

"နန်းနွယ်. . .!"

"ခိ ခိ. . . ဖေကြီးကို သနပ်ခါး လိမ်းပေးမယ် ပြောတယ်လေ. . .ဖေကြီးက လှုပ်မှ မလှုပ်တာ. . ."

ကိုးနွယ်က မှန်ထဲက သူ့ ပုံရိပ်ကို မြင်ပြီး မျက်လုံးစိမ်းစိမ်းတောက်တောက်တွေ ပြူးကျယ်နေသည်။ပြီး နန်းနွယ်ကို

'LOTUS KILLER' {Ongoing}Where stories live. Discover now