"မမမေ တစ်ခုပြောချင်တာကလေ ကလေးတွေရဲ့ ဆန္ဒကို ဦးစားပေးပြီး စဉ်းစားစေချင်တယ်... နှစ်ဦးနှစ်ဖက်စိတ်မပါရင် ဇွတ်မစီစဉ်...."
"ဪ မမမေရယ်... ကျွန်မတို့က ဇွတ်စီစဉ်နေတာ မဟုတ်ပါဘူး ငြိမ်းမေမေနဲ့ အေးထားခဲ့တဲ့ ကတိအတိုင်းပဲ လုပ်ပေးတာ... မမမေတာဝန်က နောက်ဆို အိမ်မှာ ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖိုပါ... ကျန်တဲ့ကိစ္စတွေအတွက် ပူမနေပါနဲ့ အေးအေးသာနေ"
ချယ်ရီ့ မေမေက တစ်ဖက်လှည့်နှင့် ဒီကိစ္စတွေ ကြီးမေ ဝင်ပါစရာမလိုဘူးဟု ပြောလိုက်ခြင်း ဖြစ်ကြောင်း ငြိမ်း နားလည်လိုက်သည်... ကြီးမေက မျက်နှာမကောင်းစွာဖြင့် နေရာမှ ထသွားတော့သည်...
"ဒီကိစ္စကို ကျွန်တော်နဲ့ ချယ်ရီပဲ ဆွေးနွေးပါ့မယ် ဒေါ်ဒေါ်"
"ချယ်ရီနဲ့က ဆွေးနွေးစရာဘာမှ ထွေထွေထူးထူး မလိုပါဘူးကွယ်... ချယ်ရီကလည်း ငြိမ်းရဲ့ မေမေကို ကတိပေးထားခဲ့ပြီးပြီမို့ ငြိမ်း လက်ခံဖို့ပဲလိုတော့တယ်"
"ထားပါ...ငြိမ်းအနေနဲ့လည်း ဘာမှ စဉ်းစားနေစရာမလိုတော့ပါဘူး... မနက်ဖြန် ဦးတို့ အသိ ရှေ့နေကို ခေါ်လာခဲ့မယ်... လုပ်ငန်းပေါင်းစည်းဖို့နဲ့ လက်ထပ်ဖို့ကိစ္စတွေ တိုင်ပင်ကြတာပေါ့... ငြိမ်း အိမ်မှာပဲ စောင့်နေပါ"
"ဗျာ"
...........................................................................
"နော်... သိလား... အဲ့လိုပဲ လုပ်လိုက်မယ်"
"အင်း...ရ ထားတဲ့ သတင်းက သေချာတယ်မဟုတ်လား"
"ဪ...သေချာပါတယ်ဆို... နာနာ့သူငယ်ချင်းရဲ့ အဖေက သူတို့ငှါးထားတဲ့ ရှေ့နေ... ချယ်ရီမျက်သွယ်နဲ့လဲ ခင်တယ်... သူ့ကိုပါ ဖိတ်ထားတာတဲ့"
"သေချာရင် လုပ်ကြတာပေါ့"
"အဲ့ဒါဆို စီစဉ်လိုက်တော့မယ်"
"အင်း"
ကြည်ညွှန်း Family ၏ အိမ်ပေါ်ထပ် လသာဆောင် ဝရံတာတွင် ညစာစားပြီးချိန်၌ မိသားစုတွေ ဝိုင်းဖွဲ့ကာ အစည်းဝေးထိုင်နေကြသည်...
"အခု လုပ်လို့မရဘူးလား မနက်ဖြန်မှလား"
အာကာက အထွန့်တက်တော့ မမကေသာ အာကာ့ပေါင်ကို လှမ်းရိုက်သည်...
![](https://img.wattpad.com/cover/326331927-288-k559696.jpg)
आप पढ़ रहे हैं
Match Made In Clouds
रोमांसMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 17 (Z)
शुरू से प्रारंभ करें: