Book (2) : 20(C)

724 73 3
                                    

Chapter 20-C : Loop
အဆက် >> Porsche နဲ့ သခင်ကြီးခွန် စကားပြောနေစဉ် ဆေးရုံအခန်းတံခါးရုတ်တရက်ပွင့်လာပီး လူ၃ယောက် ရောက်လာချိန် >>

Porsche's Pov

အခန်းတံခါးကို ရုတ်တရက်လာဆွဲဖွင့်ပီး ရောက်လာတဲ့ လူ၃ယောက်ကြောင့် အခန်းထဲကလူအကုန် အလန့်တကြား လှည့်ကြည့်မိကြသည်...
အပေါက်ဝရှိ လူ ၃ယောက်ထဲမှ အရှေ့ဆုံးက အရပ်ရှည်ရှည်နဲ့ လူရွယ်သည် လက်ညှိုးနဲ့လက်မကို သေနတ်ပုံစံလုပ်ပီး ကောင်းကင်ပေါ်ထောင်ကာ -
"မိုးကောင်းကင်ကို ပစ်ခွင်းမဲ့ သေနတ်သံ!! ဗန်း !!"

Tankhun ရဲ့ အသံထွက်လာသည်နှင့် နားနှစ်ဖက်ကို လက်တွေနဲ့ အမြန်အုပ်လိုက်ရသည်...
Tankhun အနောက်က ကပ်ပါလာတဲ့ Arm နဲ့ အစ်ကိုဂျက် ကတော့ လက်သေနတ် က သူတို့ကို မှန်သွားသလိုပုံစံ ကြမ်းပြင်ပေါ် ပြိုလဲကျပီး လူးလှိမ့်ပြနေကြ၏...

ထိုဗရုတ်သုတ်ခ မြင်ကွင်းကိုကြည့်ပီး ကျွန်တော်၊ သခင်ကြီး၊ အစ်ကိုချန်၊ Pete . 4ယောက်စလုံး မတိုင်ပင်ထားပဲ သက်ပြင်းကိုယ်စီ ချမိတယ်...

သခင်ကြီးခွန်က တည်တင်းသောမျက်နှာထားဖြင့် -
"မင်းတို့ ၃ကောင် ဘာတွေဆော့နေကြတာလဲ?? အနောက်က မျိုးမစစ်လေး၂ကောင်.. မင်းတို့က ဘာလို့ ကြမ်းပြင်ပေါ် လူးလိမ့်နေရတာလဲ? ဟမ်??"

သခင်ကြီးခွန်က ဆူနေပေမဲ့ TanKhun က ကျွန်တော့်ကိုသာ လှမ်းကြည့်ပီး ပြုံးပြနေ၏..

Arm က -
"သခင်လေးက ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ် - သူဒီသီချင်းထဆိုတိုင်း ကျွန်တော်တို့က သဏ္ဍာန်လုပ်သရုပ်တူ၊ ကြမ်းပြင်ပေါ်လှိမ့်ပြရမယ်တယ်ဗျ"

အစ်ကိုဂျက် ကလည်း ငြိမ်မနေ -
"လိုက်သရုပ်မဆောင်ရင် လက်သေနတ် အစား သေနတ်အစစ်နဲ့ ပစ်မှာပါတဲ့"

Tankhun က တိုင်ရကောင်းမလားဆိုပီး အစ်ကိုဂျက်ကို မျက်ဒေါင့်နီနဲ့ လှည့်ကြည့်တယ်...

သခင်ကြီးက သက်ပြင်းမောကြီးချပီး -
"မင်းကော ပါတာပဲလား ဂျက်? ... ငါ့သားက မဟုတ်တာတွေ လုပ်နေရင် မင်းက နိူင်အောင်ထိန်းပေးရမယ်လေ"

အစ်ကိုဂျက်က ကြမ်းပြင်ပေါ်ကနေ လူးလဲထလာရင်း -
"သခင်လေးကို ကျွန်တော်မှ မတွန်းလှန်နိုင်ပဲ သခင်ကြီးရယ်"
လူမိုက်ကြီးတွေကို အခုလိုပုံစံနဲ့ မြင်နေရတာကတော့ သနားဖွယ်ပါပဲ ...

KinnPorsche (Myanmar Translation)Where stories live. Discover now