Book (1) : 13(B)

680 64 1
                                    

Chapter 13-B : Omen

အဆက် >> Kinn က Porsche အား သူ့ကြက်ဥနှစ် အစိမ်း ပန်းကန်အားထိုးပေးပီး တို့စားကြည့်ဖို့တိုက်တွန်းပေမဲ့ Porsche က မစား..

Porsche's Pov

"What the Hell!!! မစားချင်လည်း နေပေါ့! မင်းက ညှီနံ့ပိုနံတဲ့ ဥအနှစ်မျိုး နဲ့ပဲ တို့ စားချင်တာလား??"
Kinn က သူ့ရဲ့ ကြက်ဥအနှစ်ခွက်ကို ပြန်သိမ်းသွားပီး မျက်နှာကလည်း အလိုမကျသလို အသံကလည်း မကြည်မသာ ...

"ငါ့ကို ဒီနေ့ လာမရှုပ်စမ်းနဲ့."
Kinn ကျွန်တော့် ကို ပြောခဲ့ဖူးတဲ့စကားတစ်လုံးဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်..

"အရသာရှိလိုက်တာ"
Pete က ဘေးနားကနေ အားရပါးရစားရင်း ပြောနေ၏...

အစားအသောက်အရသာကလည်း အတော်လေးကောင်းတာမို့ ရင်ထဲမှာ မကျေမလည် ဖြစ်နေတာတွေတောင် နဲနဲ အငွေ့ပျံသွားသလိုပဲ...

"အသီးအရွက်တွေကို လုံးဝကို မစားတာလား??"
Kinn က မေးလာပြန်သည်...
ဘာလို့ဆို ကျွန်တော်အခုစားနေတာ ၃ပန်းကန်မြောက်နေပီဆိုပေမဲ့ တစ်စက်ချည်းမှ အသီးအရွက်တွေကို မထိခဲ့ခြင်းကြောင့်...

"အင်း"
မဖြေချင့် ဖြေချင် နဲ့ ဖြေပေးလိုက်တယ်..

"ပျော့ညံ့ချက်!!"
Kinn လေသံတီးတိုးနဲ့ ရေရွတ်လိုက်သည်ကို ကျွန်တော်ကြားဖြစ်အောင် ကြားလိုက်ရသည်မို့ စိတ်ကိုလျော့ဖို့ အသက်သာ ပြင်းပြင်းရှူသွင်းလိုက်၏...

"မိုချီ (mochi) ကော ကြိုက်လား??"

ဒါကတော့ လုံးဝ သေချာသွားပီ!! ဒီ မျိုးမစစ်လေးက ငါနဲ့ စကားပြောချင်လို့ လမ်းကြောင်းတွေ ခင်းနေတယ် ဆိုတာ!! စိတ်ညစ်ဖို့ ကောင်းလိုက်ပါဘိ!! အစား စားတာတောင် အေးအေးဆေးဆေး မစားရဖူးလား ခွေးသားရဲ့!!!

"မိုချီ က ဘာလဲ!? အချိုပွဲလား?"
ကျွန်တော်ပြန်မေးလိူက်တယ်...  Kinn, မင်း ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေချင်လို့ လာကလိနေမှန်း ဒီအဖေက သိနေပါတယ်နော်... ဘာအကွက်တွေ ထွင်နေမှန်းတော့ မှန်း မရလို့ အလိုက်သင့် လိုက်ဆော့ပေးနေတာ...

KinnPorsche (Myanmar Translation)Unde poveștirile trăiesc. Descoperă acum