Book (1) : 03

1.1K 82 0
                                    

Chapter 03 : The Hunt
(အမဲလိုက်ပွဲ)

Chapter 03 : The Hunt(အမဲလိုက်ပွဲ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Kinn's Pov

မှန်ထဲကနေတဆင့် လည်ပင်းက
ကိုက်ရာကို ထင်းနေအောင် မြင်နေရတယ်...
ကိုက်ရာအကွင်းတစ်ဝိုက် သွေးခြေဥနေတာ ၊ ဒဏ်ရာရဲ့ နေရာတချို့က ခရမ်းရောင် တချို့နေရာက အဝါရောင် တောင်ဖြစ်လို့...

လည်ပင်းကို တစ်ဖက်သို့သေချာစောင်းပေးထားပီး ကျွန်တော်အယုံကြည်ရဆုံး သက်တော်စောင့် Big က ပိုးသတ်၊ ဆေးထဲ့ပေးနေသည်... Big က ဆေးထဲ့နေရင်း ငြီးငြီးညူညူ ပြောနေသေး၏ -
"Porsche လို လူမျိုးကို Mr. Kinn ရဲ့ သက်တော်စောင့်တစ်ယောက်လုပ်ခိုင်းဖို့က သေချာပီလား ဗျ??"
Big က ပဲ ဆက်ပီး -
"Mr. Kinn သာ ခွင့်ပြုရင် အဲ့ကောင်ကို မနက်ဖြန် ချက်ချင်း အမဲလိုက်သလို လိုက်ပီး သတ်ပစ်ချင်တာမှ အရမ်းပဲ ! သခင်လေးလိုလူမျိုးကို လုပ်ရဲတယ့် ကောင်!"

"မင်းသာ အဲ့လို သွားလုပ်ရင် ပါး က မင်းကို အရင်သတ်လိမ့်မယ်"
Big ကို ပြန်တုံ့ပြန်ရင်း လည်ပင်းကြောတွေ ပြန်ဆန့်သည်...

"ဒါပေမဲ့လည်းဗျာ ! သူက သခင်လေးကို တွေ့ရာ လမ်းဘေးမှာ ချထားခဲ့တာက ၂ခါ ၊ အခုတခေါက်ဆို လည်ပင်းကိုတောင် ကိုက် ခဲ့သေးတယ်... ဒီလို အရိုင်းအစိုင်းမျိုးကို ထိန်းဖို့ရာက အဆင်ပြေပါ့မလား??"
Big ရဲ့ ပွစိပွစိ စကားတွေက ကျွန်တော်အကြည့်စူးစူးတစ်ချပ်ဖြင့် ကြည့်ပေးလိုက်မှ တိတ်ကျသွားပီး ကိုက်ရာကိုတော့ ဂရုတစိုက်ဆေးထဲ့ပေးနေဆဲ ...

ဒီကောင့်ကို လိုချင်နေတာက ကျွန်တော် မဟုတ်ပဲ ပါး ကိုယ်တိုင်ဖြစ်နေတယ်...
ကျွန်တော့်ကို ၃ရက် ပြန်ပေးဆွဲသွားပီး နှိပ်စက်ခဲ့တဲ့ အဖွဲ့ကို ပါးက လိုက်သတ်ချင်လို့ ကလပ်အနောက်မှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကို CCTV စစ်ရာကနေ လက်ရည်မြောက်တဲ့ ကောင်လေးတစ်ယောက်ကို ပါး တွေ့ပီး မျက်စိကျခဲ့တယ်...
သူ ကျွန်တော့်ကို ကယ်ခဲ့တာ ၂ကြိမ်ရှိပီဆိုပေမဲ့ ၂ကြိမ်စလုံး စေတနာနဲ့ free ကူညီပေးတာမှမဟုတ်ပဲ ! ကျွန်တော့်ရဲ့ အဖိုးတန် နာရီတွေထဲက တစ်လုံးကို အခကြေးငွေအဖြစ် ပေးခဲ့ရတာ !!

KinnPorsche (Myanmar Translation)Where stories live. Discover now