Book (1) : 12(A)

736 70 4
                                    

Chapter 12-A : Suspicion (မသင်္ကာမှု)

Porsche's Pov

နောက်တနေ့ နိုးလာလာချင်း ခေါင်းကထိုးကိုက်နေသည့်အပြင် ခန္ဓာကိုယ်ကလည်း တဖက်သို့လှိမ့်လိုက်ဖို့တောင် အတော်ကိုက်ခဲနာကျင်နေ၏...
မျက်လုံးတွေကို အားယူ ဖွင့်လိုက်ရပီး အတွေးထဲ ပထမဆုံးဝင်လာသူက - မျိုးမစစ်ကောင် Kinn!! မနေ့ညက သူ့ကြောင့် ငါဘယ်လောက်တွေတောင် သောက်ခဲ့ရသလဲ?! သူကတော့ တုပ်တုပ်တောင်မလှုပ်ခဲ့ဖူး... ငါ့မှာသာ... ချီး!! ပြန်တောင်မစဉ်းစားချင်တော့ဖူး!

လက်နှစ်ဖက်ကိုအားပြုထောက်ပီး ကုတင်ပေါ်မှ ဖြေးဖြေးချင်း ထရသည်... ခေါင်းကြီးတစ်ခုလုံးကို ကျောက်ခဲကျောက်တုံးကြီးနဲ့ ဖိထားသကဲ့သို့ ခံစားနေရသေး၏... ခန္ဓာကိုယ်ပေါ်မှာ ခြုံလွှားထားသော စောင်ကို ဆွဲဖယ်လိုက်တယ်...
အမ်??? စောင်??? အနက်ရောင် ထူအိနေတဲ့ စောင်??? အိပ်ရာကလည်း King Size ... အခန်းကလည်း ကျယ်...တယ်...

စိမ်းသက်သလိုရှိသော အခန်းကိုပတ်ကြည့်ရင်း မနေ့ညက အဖြစ်အပျက်တွေကိုလည်း ဖြေးဖြေးချင်း ပြန်ခေါ်ရသည် - မနေ့ညက ဂျေးရဲ့ ဘားမှာသွားပီး ကဲကြ၊သောက်ကြ. အိမ်ပြန်လာကြ၊ Pete ကို Kinn နဲ့ပတ်သက်ပီး ကူညီပေးရ၊ Kinn ရဲ့ တစ်ကိုယ်လုံးကို ငါ ရေပတ်...တိုက်...

F**K !!!
အဲ့ခွေးကောင် ရဲ့ အခန်းထဲမှာ ငါထပ်ရောက်နေတယ်လို့တော့ လာမပြောကြနဲ့နော်!!!

အခန်းကိုသေချာစေ့စေ့စပ်စပ် လိုက်ကြည့်ပေမဲ့ Kinn ရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရ... အခန်းရဲ့တစ်နေရာဆီ အကြည့်ရောက်မိတော့... ဓါတ်ပုံတစ်ခု - သခင်ကြီးခွန် နဲ့ သူ့သား ၃ယောက်တို့ အတူရိုက်ထားသည့် မိသားစု ဓါတ်ပုံ...

ကိုယ့်မျက်စိကိုယ် တစ်ကယ် မယုံချင်ဖူး! ဟိုခွေးကောင်ရဲ့အခန်းထဲ ငါ တစ်ကယ် ရောက်နေတာပဲ!
ရှောခ့် ရသွားတာနဲ့ ခေါင်းကိုက်နေတာတွေက ကြက်ပျောက် ငှက်ပျောက်.. ခေါင်းကိုက်ပျောက်သွားသည်နှင့် မနေ့ညက မှတ်ဥာဏ်တွေကလည်း အစီအရီတွေပေါ်လာကြပီ...

မနေ့ညက တိမ်ပေါ် ရောက်နေသလိုကိုထင်ရလောက်အောင် ကောင်းလွန်းတဲ့ ခံစားချက်တွေ ဖြစ်ခဲ့သလားလို့?? နူးညံ့ စိုအိနေတဲ့ နှုတ်ခမ်းတစ်စုံ... အဲ့နေ့ညက ကျွန်တော့်အပေါ်ကလူ ကျွန်တော့်ကို စိတ်တိုင်းကျ လုပ်ချင်ရာလုပ်ဆိုပီး လိုကိလျောပေးချင်ခဲ့မိတာတွေ...
ဒါနဲ့... အပေါ်က လူဆိုတာက ? KINN!!
ငါ Kinn နဲ့ နမ်းခဲ့တာ !!!

KinnPorsche (Myanmar Translation)Where stories live. Discover now