"ဒီအမှုရဲ့ လက်သည်တရားခံက ကျွန်တော် ပါ . . . ခု လို သတ်ပေးရတဲ့တွက် အင်မတိ အင်မတန်မှ အရမ်း အရမ်း ဝမ်းသာမိပါတယ်. . . နဂါးနက် အပေါင်း ကောင်းရာ မွန်ရာ ရောက်ကြပါစေ. . .ချစ်လှစွာသော မင်းတို့ရဲ့ Lotus killer " တဲ့။

လက်မှတ်တောင် ထိုးထား လိုက်သေးသည်။

ပထမစာကြောင်းကို ပြင်သစ်လို ရေးထားသည်။ဒုတိယ စာကြောင်းကို ရုရှားလို ရေးသည်။
တတိယ စာကြောင်းကို အင်္ဂလိပ်လို ရေးသည်။

ဂျပန်တွေ Lotus killer ကို အရမ်း မုန်းသည်။

ဂျပန်နိုင်ငံဟူသည် ကမ္ဘာပေါ်မှာ အလုံခြုံဆုံး အအေးချမ်းဆုံး နိုင်ငံ အဖြစ် ဂုဏ်ယူဝံ့ကြွား လက်မ ထောင်နေတဲ့ နိုင်ငံ။

ဒါကို ဟိုသဘာဝရဲ့ ဖိုးကြာပန်းလေးက နိုင်ငံဂုဏ်ကို အသရေဖျက်စွာ genocide လာသတ်သွားသည်။
မကျေနပ်နိုင်။

ပြင်သစ် မှာ Lotus killer ပထမဆုံး dubut လုပ်တုံးက တစ်ကမ္ဘာလုံးက ဝိုင်းပြီး ပြင်သစ်ရဲ့ ဆုံးရှုံးမှုတွက် စိတ်မကောင်းကြောင်း‌တွေ ပြောကြပေမယ့် ဂျပန်က ဘာသိဘာသာ။သို့သော် Lotus killer သူ့ နိုင်ငံကို ထိပါးလာသောအခါ ဂျပန်တွေ သွေးဆူ လာလေသည်။Lotus killer ကို မကျေနပ်။

ရဲတွေက နဂါးနက်ဂိုဏ်းက မသေဘဲ ကြွင်းကျန်ရစ်တဲ့ ဂိုဏ်းသားတွေကို စုံစမ်းမေးမြန်းတော့ ထိုဖလမ နဂါးနက် တွေကလည်း ရဲတွေကို စောက်ဖက်မလုပ်ကြ။

"မင်းတို့ ဂိုဏ်း အတွက် အပင်ပန်းခံ ခေါင်းရှုပ်ခံ ပြီး အမှုလည်း လိုက်ပေးရသေးတယ် မင်းတို့က ရဲ တွေ နဲ့ မပူးပေါင်းချင်ကြဘူးလား. . ."

နဂါးနက်တွေက ဘာဆို ဘာမှ ကို ပြန်မပြောပေ။

တကယ်တော့ နဂါးနက်တွေ ရှက်နေတာဖြစ်သည်။သူတို့လို ယာကူဇာ ဂိုဏ်း အကြီးကြီးကို ကလေးသာသာ ငချွတ်လေးက တိုက်ခိုက်သွားတာ ယာကူဇာ လောကမှာ မျက်နှာကို ကြွပ်ကြွပ်အိတ်နဲ့ အုပ်ထားပစ်ချင်မိသည်ထိ ရှက်စရာအလွန်ကောင်းသည်။

ပြီး နဂါးနက်က ရဲတွေကို အထင်သေးပြီး အယုံကြည်မရှိ။ထို့ကြောင့် Lotus killer ကို သူတို့ ကိုယ်တိုင် သာ ဖမ်းပြီး သွေးကို သွေးနဲ့ ပြန်ဆပ်ခိုင်းမည်။

'LOTUS KILLER' {Ongoing}Où les histoires vivent. Découvrez maintenant