Ep>>3..uni

932 57 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဝေ့ ရိပေါ် "

ကျောင်းထဲခေါင်းငုံပြီးလျှောက်လာရင်း ခေါ်သံကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ စစ်ကျွေးဖြစ်နေသည်.....။

" မင်းကအစောကြီးရောက်နေတာလား မိုးရွာတော့မှာပဲ "

" အေး မိုးရွာမှာတော့အသေအချာပဲ  ဘာလို့ဆို မင်းလက်ထဲစာအုပ်မတွေ့ရလို့ "

စစ်ကျွေးအပြောကြောင့် ရိပေါ်ခွီးခနဲထရယ်မိသွားကာ....။

" လွယ်အိတ်ထဲမှာဟ  ဟိုတစ်ခါငါစာဖတ်ရင်းလမ်းလျှောက်တာလေ ခလုတ်တိုက်မိပါလေရော တော်တော်အီသွားတာကွာ  အဲ့ကထဲကလက်ထဲမကိုင်တော့တာ တော်ကြာဖတ်မိနေမှာမို့ "

" ကောင်းတယ် အဲ့လိုဖြစ်သင့်တာ သွားကျိုးမသွားတာကံကောင်းတယ်မှတ် အဲ့ဝတ္ထုတွေအတော်လောက်ဖတ်  မင်းမျက်မှန် ပိုထူလာမယ် "

စစ်ကျွေးကိုမကြည်စွာ တစ်ချက်ကြည့်ရင်း ကော်ဖီတစ်ခွက်လှမ်းမှာလိုက်တော့သည်...။

" ဟ ငါကအကောင်းပြောတာ ကျောင်းစာလဲလုပ်ရ အဲ့ဟာတွေရောဆိုတော့ မင်းမျက်လုံးကခံနိုင်ပါတော့မလား "

" မတက်နိုင်ဘူး ငါကိုကဝါသနာပါနေတာကြီးကို ပြီးတော့ငါ့ရဲ့အိမ်မက်ကိုလဲမင်းသိနေတာဘဲလေ "

" အေးပါ အေးပါ "

ပြောလို့မရမဲ့အတူတူ ပြောမနေချင်တော့ပါဘူး......။

ရိပေါ်နဲ့စစ်ကျွေးက အလယ်တန်းလောက်ကထဲခင်ခဲ့ကြတာ  အပေါင်းသင်းအများကြီးမထားတက်တဲ့သူတွေမို့ သူငယ်ချင်းဆိုလို့သူတို့နှစ်ယောက်ထဲသာရှိသည်...။

ရိပေါ်အကြောင်းကိုသူအသိဆုံး ရိပေါ်ဟာအနေတည်လွန်းတာမို့ မသိသူအများကဖြင့် မာနပြီးပြီးဘဝင်မြင့်တယ်ဟုထင်ကောင်းထင်လိမ့်မည်  သို့သော် ရိပေါ်ဟာ နွေးထွေးကြင်နာတက်တဲ့သူတစ်ယောက်ပါ ခပ်အေးအေးနေတက်ပေမဲ့ လူတစ်ဖက်သားကိုတော့အလွန် ဂရုစိုက်တက်တာ...သို့ပေမဲ့သူ့ရဲ့စိတ်ရင်းကိုအပြင်သို့ထုတ်ပေါ်မပြတက်ပေ...ထိုအရာတွေကိုဘယ်သူမှမသိရင်တောင် စစ်ကျွေးကတော့ တစ်ဦးထဲသော သူငယ်ချင်းမို့ ကောင်းကောင်းသိသည်....။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now