Ep>>21..Uni

987 49 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ကိုယ်တောင်းပန်ပါတယ်
ကလေးရယ် ကိုယ့်ကိုလေ
ထပ်ပြီး အခွင့်ရေးလေး.. "

" ဟင့်အင်း.. "

သူစကားမဆုံးခင်မှာပင်
ဟင့်အင်း ဆိုတဲ့ငြင်းဆန်သံလေးနဲ့
အတူ အလန့်တကြား
တွန်းလွှတ်လာသည်...။

လွတ်ထွက်သွားတဲ့ ခန္တာကိုယ်လေးကို
အမိအရ ပြန်ဆွဲယူတော့
ကျရောက်လာတဲ့
အကြည့်စူးစူးလေးတွေနဲ့အတူ
မထိမ်းချုပ်နိုင်တော့လို့
ပြောထွက်လာတဲ့
နာကျင်စရာ စကားလုံးများ..။

" မယုံဘူး! လုံးဝကိုမယုံဘူး..
ခုချိန်ထိ ကျွန်တော့်ကို
နှောက်ယှက်လို့မဝသေးဘူးလား
ကျွန်တော်နာကျင်နေတာကိုမြင်နေရမှ
ခင်ဗျားက စိတ်ချမ်းသာတာလား
ကျေးဇူးပြုပြီး ကျွန်တော့်ကို
လွှတ်ပေးပါတော့..."

ရှိုက်သံလေးတစ်စွန်းတစ်စပါဝင်နေတဲ့
အသံလေးကြောင့် သူရင်နာရသည်...။

ကလေးငယ်က တကယ်ကို
ရင့်ကျက်လာပြီပဲ...နာကျင်စရာ
အတိတ်တွေကိုပြောနေတာတောင်
မျက်နှာကိုတင်းနိုင်သလောက်
ခင်တင်းတင်းပင် ထင်ထားသလောက်
ပုံပျက်နေခြင်းမရှိ.....
အရင်ကလိုသာဆို အခုလိုတည်ငြိမ်
နိုင်မယ်လို့သူမထင်ပါ...။

အော်..ကလေးရယ်..
မင်းလေးတောင်
ကိုယ်ပေးတဲ့အနာတရတွေ​ကြောင့်
ရင့်ကျက်လာခဲ့ပြီပဲ....
တကယ်တောင်းပန်ပါတယ်ကွာ...။

လွမ်းတယ်...
ကလေးငယ်ရဲ့ ကျန့်ကောလို့
ခေါ်တဲ့အသံလေး...
ချိုသာတဲ့အပြုံးလေးတွေ
ဖြူစင်တဲ့အကြည့်လေးတွေ
ဟန်ဆောင်မှုကင်းတဲ့အမူယာလေးတွေ...
ထိုအရာလေးတွေကို
သူသေမတက်လွမ်းနေမိတာ....။

" လွမ်းလိုက်တာ.. "

" တော်ပါတော့!... "

သူရဲ့အလွမ်းတမ်းခြင်းကို
ကလေးငယ်ကမနှစ်မျို့ဟန်နဲ့
ဟန့်တားလာပုံက
မယုံကြည်ဘူးထင်ပါရဲ့
ပြောစရာမလိုလောက်အောင်ပင်
အမူအယာတွေကဖော်ပြနေသည်
မဟုတ်ပါလားး....။

" ကျွန်တော် ခင်ဗျားနဲ့
မပက်သက်ချင်တော့ဘူး
ရွံစရာကောင်းတဲ့
ကျွန်တော့်လိုလူကိုလဲ
ဆက်ပြီးရွံနေလိုက်ပါ...
ကျွန်တော်ရဲ့ကျန်ရှိနေတဲ့ဘဝကိုလေ
ခင်ဗျားတို့လိုလူတွေနဲ့ဝေးရာမှာ
တစ်သီးတစ်သန့်လေး
ဖြစ်တည်ခွင့် ပေးလို့မရဘူးလားဗျာ
တကယ်ကို မပက်သက်ဝံ့တော့တာမို့ပါ..ကျေးဇူးပြုပြီး..လွှတ်ပေးလိုက်ပါတော့... တောင်းဆိုတာပါ...
နေသားကျနေပြီ
တကယ်ကိုနေသားကျနေပြီမို့
ထပ်ပြီး မနှောက်ယှက်ပါနဲ့တော့ "

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now