အေဗလင် ဆောင်းရာသီဝယ် ချွေး ပင် ပြန်လာရသည်။ကိုးနောင် ရုတ်တရက်ကြီး ဘာဖြစ်သွားမှန်း သူ မသိ။

သို့သော် ထူးဆန်းစွာနဲ့ နောက်နေ့ ညနေ 7နာရီတွင် ကိုးနောင်က အေဗလင် ကို 'သူ့ ပုံတူ ဆွဲပေးမလား' လို့ လာ ကမ်းလှမ်းခဲ့သည်။

သေချာတာပေါ့။ဒါမျိုး အေဗလင် သေတာတောင် ငြင်းမည် မဟုတ်ပေ။

++++

ကျွီခနဲ တိုက်ခန်း တံခါးကြီး ကို ဆွဲဖွင့်လိုက်သည်။
အေဗလင်ရဲ့ တိုက်ခန်းက အတော်လေး ကျယ်သည်။

အေဗလင်  နောက်ကလူကို မြူးထူးစွာ ကြည့်လိုက်သည်။ကိုးနောင်က အိမ်ကို စူးစမ်းနေရာမှ သူ့ကို ပြုံးပြသည်။သူ့ အပြုံးက နည်းနည်းတော့ စိတ္တဇဆန်သည်။

ကိုးနောင်က ခေါင်းစွပ်ပါတဲ့ အင်္ကျီပေါ် အနက်ရောင် long coat ကြီး ထပ်ဝတ်ထားသည်။လူတစ်ကိုယ်စာ  coatရှည်ကြီးက လူတစ်ကာနဲ့ မလိုက်ဖက်သော်လည်း ကိုးနောင်ရဲ့ မြင့်မားလှ‌သော အရပ်မောင်းကြောင့် လိုက်ဖက်ညီကာ ကြည့်ကောင်းသည်။ကိုးနောင်က လက်အိတ် အနက်ကို တစ်ချိန်လုံး စွပ်ထားသည်။

"Ok. . .  Welcome to my home . . ."

"ခင်ဗျား အိမ်က ပြတိုက်ကြီး ကျနေတာပဲ. . . ‌ပန်းချီကားတွေနဲ့ ချည်း ပြည့်နေတယ်"

အေဗလင် အိမ်ဧည့်ခန်းဝယ် ထောင်ထားတဲ့ ပန်းချီကားတွေ၊ ဆွဲလက်စ ကြမ်းပေါ် လဲကျနေတဲ့ ပန်းချီကားတွေ၊ပြန့်ကြဲနေတဲ့ ဆီဆေး အရောင်တွေ၊အမှိုက်တွေနဲ့ ဖရိုဖရဲ ။

ပွစိတက်‌နေသည်မှာ ခြေပင် ကောင်းကောင်းချ မရ။

"ဂျွတ်"

ကိုးနောင်က ပန်းချီကားတစ်ကားကို တက်နင်းမိသွားသည်။

"Sorry "

"ရပါတယ်. . . ပြဿနာ မရှိပါဘူးကွာ. . ."

အေဗလင်က ပန်းချီကားတွေကို ထိရင် စိတ်ဆိုးသော်လည်း ဉာဏ်ကိုးနောင် မို့ ဗွေ မယူတော့ပေ။

"ငါ သန့်ရှင်းရေး မလုပ်တာ တစ်နှစ်လောက်ရှိပြီ . . .အဟား. . . မင်း ကို အားနာလိုက်တာ. . .ဆိုတော့ ငါ့ ပန်းချီဆွဲခန်းက ဒီအခန်းပဲ. . ."

'LOTUS KILLER' {Ongoing}Where stories live. Discover now