Book (1) : Final (A)🚨

Start from the beginning
                                    

"..."
လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထိုးထဲ့လိူက်ပီး ငြိမ်ငြိမ်ပဲရပ်နေလိုက်ကာ ဘာမှပြန်မဖြေ...

"ကြည့်ရတာတော့ အတော်သက်သာသွားတဲ့ပုံပါပဲ... တော်နေလေးကမှ မင်းရဲ့အခန်းထဲကနေ ကောင်မလေးတစ်ယောက် ထွက်လာတာကို တွေ့လိုက်တယ်"
Kinn က ပါးစပ်ကလည်း တရစပ်ပြောနေရင်း ခြေလှမ်းတွေကလည်း တစ်လှမ်းချင်းစီ ရှေ့ကို တိုးလာ၏...မသိစိတ်ရဲ့ ခိုင်းစေမှုဖြင့် နောက်ကို ဆုတ်နေမိရင်း ကျောပြင်နဲ့ အိမ်သာအခန်းတံခါးတိုက်မှ အသိပြန်ဝင်လာကာ နီးကပ်လွန်းလှသော သူ့ကြောင့် ခန္ဓာကိုယ်ကလည်း ကြက်သီးမွှေးညင်းတွေထလို့ အလိုအလျောက် တုံ့ပြန်နေမိပီ...
"ဘာလုပ်မလို့လဲ??"
ကြောင့်ကြစိုးရိမ်မှုတို့ကြောင့် လူက ဂဏှာမငြိမ်ဖြစ်လာပီး သူ့ကို ရင်ဘတ်ကနေ အားပါပါ တွန်းထုတ်ပစ်ချင်တယ်... ဒါပေမဲ့ ခန္ဓာကိုယ် နဲ့ စိတ်နဲ့က နှစ်ပိုင်းကွဲနေသလို လက်တွေက အလုပ် လုပ်ခိုင်းလို့မရ...

"အစကတော့ ဘာမှမလုပ်ချင်ပါဖူး... ဒါပေမဲ့ မိန်းကလေးတစ်ယောက် မင်းရဲ့ အခန်းထဲကနေ ထွက်လာတာမြင်တော့ စိတ်ထဲအနှောင့်အယှက်ဖြစ်သွားလို့... မင်း ဘာတွေလုပ်ခဲ့တာလဲ Porsche??"
Kinn ရဲ့ လေသံထဲမှာ လှောင်ပြောင်သရော်သံတွေ စွက်နေ၏...

"ငါတို့ Porsche ကို လိုက်ရှာသင့်တယ်... ဒီကောင် ဒီသန့်စင်ခန်းထဲဝင်သွားပီးကတည်းက ပြန်ထွက်မလာတော့တာလေ"
ကျယ်ကျယ်လောင်လောင်အသံတစ်ခုက သန့်စင်ခန်းအပြင်ဖက်ကနေ ထွက်လာသည်...
Kinn က သွက်လက်စွာပဲ ကျွန်တော့်နောက်က အိမ်သာအခန်းငယ် တံခါးကို ဖွင့်ပီး ကျွန်တော့်ကို တွန်းသွင်းကာ သူပါလိုက်ဝင်ချလာတယ်...

Kinn က သွက်လက်စွာပဲ ကျွန်တော့်နောက်က အိမ်သာအခန်းငယ် တံခါးကို ဖွင့်ပီး ကျွန်တော့်ကို တွန်းသွင်းကာ သူပါလိုက်ဝင်ချလာတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
KinnPorsche (Myanmar Translation)Where stories live. Discover now