တစ်ဖန် လွမ်းမောစရာလည်း ကောင်းပြန်၏။တစ်ခုခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသလိုလို။

ခံစားချက် ပေါင်းစုံကို ရောပြွမ်းစေသည်။

သူ့ သားကို သူ တောင်းပန်ပါသည်။

ကိုးနောင် အတွက် တရားမျှတမှုကို သူ ရှာမပေးနိုင်ခဲ့ပေ။ ကိုယ့် သားကိုတောင် လုံခြုံအောင် မစောင့်ရှောက်ပေးနိုင်တဲ့ သူလို လူသည် ဖအေ တစ်ယောက်လို့ ပြောရမှာကိုပင် ရှက်သည်။

သေလုမျောပါး ဒဏ်ရာ ဒဏ်ချက်များနှင့် 11အရွယ် ကိုးနောင်ကို ဂိုဒေါင်ရဲ့ အေးစက်စက် ကြမ်းပြင်ပေါ်မှာ ရှာတွေ့ခဲ့စဉ် နောင်ဘုန်းသိုက် ပွေ့ချီကာ ဆေးရုံ ခေါ်သွားခဲ့သည်။

ကိုးနောင်က ပိန်ပိန်ပါးပါးဖြစ်သော်လည်း အရပ်ရှည်တဲ့  မျိုးရိုးရှိ၍ 11နှစ်ကို ကိုးနောင်အရပ်က 5'3" နီးပါးလောက် ရှည်သည်။အမှတ်တမဲ့ ကြည့်သော် အရွယ်ရောက်ပြီးသားလို့တောင် ထင်ရတဲ့ အထိပင်။

ခွဲစိတ်ခန်းထဲက ဆရာဝန်က ပျာယာပျာယာ နဲ့ နောင်ဘုန်းသိုက် ကို ကြည့်ပြီး

"ကောင်လေးက 16နှစ်လား. . ."

"ဘယ်ကသာ . . .  ကျွန်တော်သားက ခုမှ 11နှစ်ဗျ!!"

"‌ဗျာ!. . . အဲ့သလောက်တောင် ငယ်လား . . .သက်ငယ်မုဒိန်းပဲ. . .ကလေး လေး ကို လုပ်ရက်လိုက်ကြတာ . . .လုံးဝကို ဆိုးဆိုးရွားရွားပဲ. . . သူ့ . . ."

ဆရာဝန်က နံဘေးကို လူရှင်းမရှင်း အကဲခတ်လိုက်ပြီး အသံတိုးတိုးလေးနဲ့

"သူ့ *** က လုံးဝ စုတ်ပြတ်သတ်နေတယ် ထိုးသွင်းရာတွေ အများကြီး တွေ့ရတယ် အူနံရံထိပါ ပွတ်တိုက်လွန်းလို့ ပွန်းပဲ့ကုန်ပြီ . .စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ထားပါ. . .အခန့်မသင့်ရင် သူ. . ."

"ဒေါက်တာ အမြန်လာပါဦး ဒီမှာ နှလုံးခုန် ရပ်သွားပြီ"

ဆရာဝန်က နောင်ဘုန်းသိုက် လက်ထဲကို
ပလက်စတစ် အိတ် တစ်အိတ် ထည့်ပေးကာ ပုခုံးကို အားပေးသလို ပုတ်သွားသည်။နောက် အမြန်ပြေးပြီး operation အခန်းထဲ ဝင်သွားသည်။

ပလတ်စတစ် အိတ်ထဲတွင် ဝါးတူ သုံးချောင်း၊ အံစာတုံး တစ်တုံး။

'LOTUS KILLER' {Ongoing}Where stories live. Discover now